သန်းခေါင်ယံအချိန်ထိ အိပ်ယာထက်ပေါ်တွင် အပေါ်မျက်နှာကျက်အား ကြည့်ကာ Kitစဉ်းစားနေခဲ့တယ်။
အဖြစ်သင့်ဆုံးသောအရာတွေနဲ့ အဖြစ်ချင်ဆုံးအရာတွေကိုလည်း
နှိုင်းယှဉ်မိခဲ့တယ်။ထိုကောင်မလေးပြောတဲ့ ကူညီမှုဆိုတာတွေလည်း သူတွေးခဲ့တယ်။တစ်ချိန်ချိန်ကျရင်Mingက ထိုအကြောင်းကို
ပြောပြမယ်လို့လည်း တွေးနေမိတယ်။ကိုယ့်ဖက်ကနေ
လုပ်နိုင်တာကတော့ အတတ်နိုင်ဆုံးစိတ်ရှည်လက်ရှည်
စောင့်ပေးရမယ်ဆိုတာပဲ။စဉ်းစားစရာတွေ များနေလို့လားမသိ
တော်တော်နှင့်အိပ်မပျော်။ညတာတော်တော်ရှည်သည်
မိုးလင်းခါနီးတော့မှသာ သူအိပ်ပျော်သွားတော့သည်။Kit'sP' " Kit ဘာဖြစ်နေတာလဲ မျက်နှာက သုန်မှုန်လို့"
မနက်ခင်း ထမင်းစားပွဲတွင် သုန်မှုန်သည့်မျက်နှာနဲ့ ထိုင်နေတဲ့Kitကို မမကြီးဖြစ်သူကမေးလိုက်လေသည်။သို့သော် သူ့လေသံမတိုး ဟိုက စိတ်နဲ့လူနဲ့မကပ်ပုံဖြစ်နေတယ်။
Kit'sP' "Kitရေ Kit ဒီမှာနင့်ဧည့်သည်ရောက်နေတယ်။ဂျူနီယာဆိုလား?"
အပြင်က မမလေး၏အသံကြောင့် အနည်းငယ်လှုပ်ရှားသွားသည်။ပိတ်ရက်ကြီးမှာ ဘယ်ကဂျူနီယာပါလိမ့်...ပြီးတော့မနက်၇နာရီထိုးကြီးကို သူများအိမ်လာရလားပေါ့။
Kit'sP' "သားငယ် သွားလိုက်အုံးလေ ဟိုအပြင်မှာ နင့်ဧည့်သည်တဲ့"
မမကြီး၏ တိုက်တွန်းချက်အရ ထမင်းစားခန်းကနေ အပြင်ထွက်သွားလိုက်သည်။ဧည့်ခန်းသို့ ကာထားသည့်လိုက်ကာ
ဆွဲဖွင့်လိုက်တော့ မမလေးနဲ့ပြုံးပြီး စကားပြောနေသည့်Mingကိုတွေ့ပါတော့သည်။Kit "ဟင် Ming"
Kit'sP' " ဒီကိုမြန်မြန်လာလေ သူများကိုစောင့်ခိုင်းနေရတာ
အားနာစရာကြီးKitဧည့်ခန်းထဲက ခုံတစ်နေရာတွင်ဝင်ထိုင်လိုက်သည်။စိတ်ထဲတွင် ဒီကောင်လေး အိမ်ဘာလာလုပ်ပါလိမ့်....
ရောက်တာခဏလေးပဲရှိသေးတယ်မမလေးနဲ့ ရယ်မောနေကြတဲ့
အခြေအနေကိုလည်း တွေးမရ။Ming " P'ကျွန်တော်တို့သွားစရာရှိတယ်လေ။မေ့နေတာတော့
မဟုတ်ပါဘူးနော်။