"တယောလား...အစောကြီး ဘယ်သွားမလို့လဲ"
တယော၏ အမေဖြစ်သူက မီးဖိုခန်းထဲ ဝင်လာရင်း မေးလေသည်။
"သမီး သက်တန့်ကို မနက်စာသွားပို့လိုက်ဦးမယ်"
"အမလေး အပျင်းကြီးတဲ့ ငါ့သမီးလေးတော့ ဒီကောင်လေးနဲ့ကျမှ တယ်ဟုတ်နေပါ့လား သူ့အဖေကို ပြောရဦးမယ် ဒီလောက်တက်ကြွနေတာမြင်ရင် သဘောကျမှာ သေချာတယ်"
"အမေကလည်း ဖေကြီးကို မပြောပါနဲ့ တော်ကြာ သူ့သမက်လောင်းကို သဝန်တိုနေဦးမယ် ဟီး"
တယောက မျက်စိလေးတွေ မှေးသွားထိတိုင် ပြုံးပြီးပြောလေသည်။
"ဒီကောင်မလေးကတော့လေ..."
တယောလည်း အမေဖြစ်သူကို စနောက်ပြီး ထွက်လာခဲ့သည်။ စိတ်တွေလည်း အရမ်းတက်ကြွပြီး သက်တန့်လင်းကို တွေ့ချင်စိတ်က ပြင်းထန်နေသည်။ ကားပေါ်မှာ ထိုင်လိုက်လာရင်း တစ်လျှောက်လုံး စိတ်ကူးက ယဉ်လိုက်သေးသည်။ သူနဲ့သက်တန့်လင်းတို့ ရည်းစားဖြစ်သွာရင် လုပ်ကြမယ့်အရာအချို့ကိုပေါ့။
ဆေးရုံထဲရောက်တော့လည်း မျက်နှာကစပ်ဖြီးဖြီး ဖြစ်နေသည်။ သူ ပြင်ဆင်လာသည့် မနက်စာကို အားရပါးရစားမည့် သက်တန့်လင်း၏ မျက်နှာလေးကိုလည်း ပုံဖော်ကြည့်သည်။ စိတ်ကူးယဉ်နေရင်းနှင့်ပင် သက်တန့်လင်း၏ အခန်းရှေ့သို့ ရောက်လာခဲ့သည်။ ခန္ဓာကိုယ်ကို တစ်ချက်မက်လိုက်ရင်း အင်္ကျီကို ပြင်ဆင်ပြီး ဝတ်လိုက်သည်။ ဖြည်းဖြည်းချင်း တံခါးလေးကို ဖွင့်လိုက်သည်။
"....."
တယော ကိုယ့်မျက်လုံးကို မယုံနိုင်ဖြစ်သွားသည်။ မြင်လိုက်ရသည်က အနမ်းခြွေနေသည့် တေဇာပိုင်နှင့်သက်တန့်လင်း။ တယော မှင်သက်သွားသည်။ တစ်ယောက်က သူ့အချစ်ဆုံးသူငယ်ချင်း ၊ တစ်ယောက်က သူ့ crush ပြီးတော့ နှစ်ယောက်လုံးက ယောက်ျားလေး။ တယော ဘာဆက်လုပ်ရမှန်းမသိ။ သို့သော် သူကိုယ့်ကိုကိုယ် သတိထားမိသည့်အချိန်တွင် ထိုအခန်းရှေ့မှ ပြေးထွက်ပြီးနေပြီ။
YOU ARE READING
My Fussy Boyfriend || Completed
Romance(Unicode Zawgyi) (Unicode below) တေဇာပိုင် × သက်တန့်လင်း ငယ်ရွယ်တဲ့အချိန်မှာ အချစ်ကိုစတွေ့ခဲ့တယ်။ အရွယ်နဲ့မလိုက်အောင် အချစ်လမ်းခရီးဟာ မချောမွေ့ခဲ့ဘူး။ ခက်ခက်ခဲခဲနဲ့ အချစ်တစ်ခုကို တည်ဆောက်ခဲ့တယ်။ အချစ်စစ်တို့မည်သည်...
Chapter 19
Start from the beginning