Chapter 19

33.5K 2.6K 204
                                    

Unicode below

"တီ...တီ...တီ...."

အိပ်​ရာ​ဘေးနားမှ နာရီနှိုးစက်​သံ​ကြောင့်​ တ​ယောတစ်​​ယောက်​ ကုတင်​​ပေါ်တွင်​ လူးလိမ့်​​နေသည်​။ မထချင်​၍ ကိုယ်​​ပေါ်မှ ​ဆောင်​ကိုလည်း ​ခြေ​ထောက်​ဖြင့်​ တွန်းကန်​​နေသည်​။ နှိုးစက်​သံကလည်း စူးကနဲထွက်​​နေသဖြငိ့ မပိတ်​လို့ကမဖြစ်​။ အိပ်​ရာ​ပုံထဲ ​ခေါင်းငိုက်​စိုက်​လျက်​ နာရီကို လှမ်းပိတ်​လိုက်​သည်​။

နာရီမှ လက်​တံကလည်း ၅နာရီတိကို ညွှန်​ပြ​နေသည်​။

"အား..အိပ်​လို့မဝ..."

တ​စ်​စုံတစ်​ခုကို သတိရသွားဟန်​ဖြင့်​ ချက်​ချင်း​ခေါင်း​ထောင်​လာသည်​။

"မဖြစ်​ဘူး...သက်​တန့်​လင်းအတွက်​ မနက်​စာပြင်​​ပေးရမယ်​ ဟုတ်​တယ်​!"

တ​ယောအားတင်းပြီး အိပ်​ရာထဲမှ ထလိုက်​သည်​။ မျက်​နှာသစ်​ သွားတိုက်​ပြီး အိမ်​ရှိ မီးဖို​ချောင်​ထဲသို့ ဝင်​သွားလိုက်​သည်​။ မီးဖို​ချောင်​ထဲတွင်​​တော့ အိမ်​အကူလည်းဖြစ်​ ထမင်းချက်​လည်းဖြစ်​သည့်​ နီနီက ချက်​ပြုတ်​ရန်​ ပြင်​တုန်းရှိ​သေးသည်​။

"နီနီ..."

"ဟယ်​ တ​ယော​လေး ဘာလို့လဲ ​ရေဆာလို့လား"

"မဟုတ်​ဘူး သမီးကို လူနာစားဖို့ မနက်​စာ​လေးပြင်​​ပေး ဝှါး...."

"တ​ယော​လေး သူငယ်​ချင်းအတွက်​လား ဒါများ နီနီပြင်​ထား​ပေးမှာ​ပေါ့ အ​စောကြီး ပင်​ပင်​ပန်းပန်းထလာရတယ်​လို့ သွားပြန်​အိပ်​လိုက်​​နော်​ လိမ္မာတယ်​"

"မဟုတ်​ဘူး သမီးကိုယ်​တိုင်​​စောင့်​ကြည့်​ချင်​တာ ​သေ​သေချာချာ​လေး ပြင်​​ပေး​နော်​"

နီနီလည်း တ​ယောကိုမနိုင်​။ ဘာတစ်​ခုမှ ကူလုပ်​သည်​လည်းမဟုတ်​။ သူ့ စိတ်​တိုင်းကျ ပြင်​​ပေးသည်​ကို ထိုင်​​စောင့်​ကြည့်​ရုံသာ။ ထမင်းစားပွဲတွင်​ ​မှေး​လေး​ထောက်​ပြီး သူစိတ်​တိုင်းကျသာ ခိုင်း​နေ​တော့သည်​။

မနက်​စာကို အဆင်​သင့်​ ချိုင့်​​တွေဖြင့်​ထည့်​ပြီး ခြင်းထဲသို့ ထည့်​လိုက်​သည်​။ နာရီကိုကြည့်​​တော့ ၇နာရီထိုးရန်​ ၁၅မိနစ်​သာ လို​တော့သည်​။

My Fussy Boyfriend || CompletedWhere stories live. Discover now