Zawgyi
ဆက်သွယ်နိုင်သောဧရိယာကိုအတော်ကျော်လွန်နေသောနံပါတ်တစ်ခုအား မကြာခဏနှိပ်ရင်းကျွန်တော်မတည်မငြိမ်။
အလွတ်ရနေသည့်Email လိပ်စာတစ်ခုကိုလိပ်မူထားသောရေးလက်စာ Mail အရေအတွက်များကဆယ်ဂဏာန်းထက်မနည်း။
သက်ပြင်းကိုအကြိမ်ကြိမ်ချရင်း အိပ်ယာပေါ်လှဲချလိုက်မိသည်။
မဖြစ်သင့်ဘူးလေ ........
တကယ်တော့ ကျွန်တော်သူရဲဘောကြောင်နေလို့မဖြစ်။
ဖြေရှင်းရမည့် ကိစ္စရပ်ကပေါ့သေးသေးလညျးမဟုတ်။
၃၄ နှစ်အရွယ် ယောကျာ်းတစ်ယောက်က ထိုသို့တွန့်ဆုတ်စရာမလို၊
လုပ်ရဲလျင်ခံရဲရမည်ပင်။
ဒီလိုကိစ္စရပ်မျိုးကို ဖုန်းနဲ့တဆင့်ပြောရန်မသင့်သလိုEmail ပို့၍လည်း ဖတ်ကောင်းသော ရသစာပေမဟုတ်။
ပြီးတော့ သူမဆိုသည်မှာ အန္တရယ်များကြားမှကိုယ်ကျိုးမစွက်သော ပရဟိတလုပ်ငန်းစဉ်တွင်ဦးဆောင်နေခြင်းလေ။
ဒီအချိန်မျိုးမှ ဒီလိုစကားမျိုးပြောဖို့ဆိုတာ
ယောကျာ်းတစ်ယောက် .....
မဟုတ်ဘူး .... လူသားတစ်ယောက်အနေနဲ့မဖြစ်သင့်။
သူမပြန်လာဖို့အရေးကလည်း အတော်ကိုကြာဦးမည်။
သူမကိုမဖွင့်ဟရသေးခင် နှစ်ဖက်လူကြီးများဆီသို့ဦးမတည်နေချင်။
မေမေ့အား ရင်ဖွင့်ရန်ကြိုးစားပါသေးသည်။သို့သော်နှလုံးသားရေးနှင့်ပတ်သတ်၍ သူမတစ်ယောက်တည်းကိုပင် ရည်ရွယ်နေသည်ဟုထင်ကာ အဖန်ဖန်တိုက်တွန်းနေပြန်တော့
စကားလုံးတို့အစအနပျောက်ရသည်မှာ အကြိမ်ကြိမ်။ကြောက်ရွံ့ထိတ်လန့်ခြင်း ..........
ထိုစကားစုသည် ကျွန်တော်နှင့်စိမ်းသက်ခဲ့သည်မှာဆယ်စုနှစ်တစ်ခုစာကျော်လွန်ခဲ့ပြီ။
မိသားစုက အားထားရသောသားတစ်ယောက်အဖြစ်၊ တပည့်များကလေးစားရသော ဆရာတစ်ယောက်အဖြစ်၊ လုပ်ဖော်ကိုင်ဖက်များက အားကျရသောမိတ်ဆွေတစ်ယောက်အဖြစ် ကျွန်တော်အစဉ်အမြဲ ရဲဝံ့တက်ကြွခဲ့သည်သ။
YOU ARE READING
မပြိုသောကောင်းကင်၊မကြွေသောကြယ်
Romanceမပြိုဆင်းနိုင်သောကောင်းကင်ထံပါး ထာဝရမကြွေသောကြယ်အစုအဝေးများဖြင့် မဆုံးသောမျှော်လင့်ခြင်းများအပ်နှင်းခဲ့သည် နှလုံးသား၏အနက်ရှိုင်းဆုံးတွင်တည်ရှိစေ....... Cover Design by Moe Yeik Nyo