Chapter 88
Yuki_mo_Suki [Translator]
11 - 13 minutes
ရှန်းမင်ခြေထောက်က ဒဏ်ရာကို ဂရုစိုက်ပေးပြီးနောက် ရှန်းမင် အောက်ဆင်းနိုင်ဖို့ ကူညီပေးရင်း လမ်းပေါ်က တက္ကစီတစ်စီးကို ခေါ်လိုက်သည်။ ရှန်ချန်းဇယ်ကတော့ တစ်လျှောက်လုံး ရှန်းမင်းခါးကို ပိုင်စိုးပိုင်နင်းဖက်ထားရင်း နှစ်ယောက်သားတစ်လမ်းလုံးမည်သည့်စကားမှ မဆိုဖြစ်ခဲ့ကြ။
ကီလိုမီတာ ၂၀ လောက်မောင်းပြီးနောက် ကားက ဗီလာဝင်ပေါက်မှာ ရပ်သွားသည်။ သူတို့ကားထဲက ထွက်ပြီး အိမ်ယာထဲရှန်မင်း လမ်းလျှောက်ဝင်နိုင်ဖို့ ရှန်ချန်းဇယ်က ဖေးကူလာသည်။
"ငါတို့ဘယ်သွားနေတာလဲ?"
"ရောက်ရင် သိလိမ့်မယ်"
"ငါ့ကို လျှောက်ခေါ်မသွားစမ်းနဲ့။ အခုထိ မစ်ရှင်မပြီးသေးဘူး"
"အခုလည်း မစ်ရှင်ဆီပဲ ခေါ်သွားနေတာ"
"မင်းမစ်ရှင်က ငါနဲ့မှ မဆိုင်တာ။ ငါ ချက်ချင်း အယ်လ်နဲ့ ဆက်သွယ်ဖို့လိုတယ်"
"မကြာခင် အယ်လ်ကို တွေ့လိမ့်မယ်"
ရှန်းမင်မျက်မှောင်တို့ကျုံ့သွားကာ
"ဘာပြောချင်တာလဲ? မင်းမစ်ရှင်မှာ ငါတို့က ဘာလို့ ဝင်ပါရမှာလဲ?"
'မင်း' 'ငါတို့' ဆိုသည့် ခွဲခြားလွန်းလှသည့် အသုံးနှုန်းကြောင့် ရှန်ချန်းဇယ်မှာ အနည်းငယ် စိတ်တို လာရသည်။ ထို့နောက်အေးစက်စက်လေသံဖြင့် ရှင်းပြလာသည်။
"ထျန်တင်းကျီက အခုအယ်လ်နဲ့ အလုပ်ခန့်အပ်တဲ့စည်းကမ်းချက်တွေ ဆွေးနွေးနေတယ်။ သဘော တူညီချက်လည်း ရလောက်ပြီး အမဲလိုက်သိမ်းငှက်အဖွဲ့ကို အခုကျွန်တော်တို့က ငှားရမ်းလိုက်တာပဲ"
ရှန်းမင် ခဏလောက်တော့ တန့်သွားရသည်။
"ဘာလို့လဲ?"
"ဘာလို့လဲဆိုတော့ ဒီအဖွဲ့က သမန်းနဂါးနဲ့ တိုက်ခိုက်တဲ့နေရာမှာ အတွေ့အကြုံရှိသလို လက်ရဲဇက်ရဲလည်း ရှိတာကြောင့်ပဲ။ ကျွန်တော်တို့ သရုပ်မှန်အောက်ကနေဆို လှုပ်ရှားရမလွယ်ဘူး အထူးသဖြင့် ဂျပန်မှာဆိုရင်ပေါ့။ ဒါပေမယ့် အမဲလိုက်သိမ်းငှက်ကတော့ အကာအကွယ်တွေအောက် လှုပ်ရှားရတာ လွတ်လပ်တယ်လေ။ ထျန်ကျင်းကျီက တကယ်ကိုရည်မှန်းချက်ကြီးပြီး သူ့ကြောင့် အတော်များများလည်း ဆုံးရှုံးထားတယ်။ ဒီတစ်ကြိမ်မှာတော့ သူ့ကို ကျိန်းသေ အမြစ်ဖြတ်ရမယ်"