နာကျင်မှုက ဖေစီးကျင့် ဆီ လေပြေတစ်ခုလို တိုးဝှေ့သွားသည်။သူမ၏ လက်နှင့် ကိုယ်တိုင် သတ်ခဲ့တဲ့ သူမမောင်က ဖေစီးကျင့်အတွက်တော့ အရေးကြီးဆုံးဖြစ်သည်။
"နင် ကသေသွားပြီလေ"
"ဟုတ်တယ်လေ မမလက်နဲ့ပဲ ကျွန်တော့်ကို ကိုယ်တိုင်သတ်ခဲ့တာပဲ"
ဖေစီးဟန်သည်လား သူ၏ အမပေါ် နာကြည်းနေဟန်။
"နင် က မိစ္ဆာဖြစ်သွားပြီ မဟုတ်လား"
"အဲ့တုန်းက ကျွန်တော့်စကားကို မမ ဆုံးအောင်နားမထောင်ခဲ့ဘူးနော်"
ဖေစီးဟန် က ထိုသို့ပြောရင်း သူသည် မတ်တပ်ထရပ်လိုက်ပြီး သူတို့နှစ်ယောက်ရှိရာဆီလျှောက်လာသည်မို့ ဖေစီးကျင့် ဝမ်ရှောင်းရှေ့က ကာလိုက်ပြီး"နင်ဘာလုပ်မို့လဲ "
ဟု မေးလိုက်သည်။သူမ သည် တိုက်ခိုက်ဖို့အသင့်အနေအထားပင်ပြင်လိုက်သည်။ဖေစီးဟန်က သူ၏ အမလုပ်ရပ်ကြောင့် ဝမ်းနည်းစွာပြောသည်။"မမ အခုထိအဲ့လိုသူစိမ်းတွေကြောင့် ကျွန်တော့်ကို ထိခိုက်အောင်လုပ်ဖို့ မတွန့်ဆုတ်တုန်းပဲနော်"
"နင်က မိစ္ဆာလေ"
ဖေစီးဟန်က ကောက်ကျစ်စွာ တစ်ချက်ပြုံးလိုက်ပြီး
"အင်း ကျွန်တော်က မိစ္ဆာလေ"
ဟု ဆိုကာ သူတို့နှစ်ယောက်ကို တိုက်ခိုက်လေသည်။ဖေစီးကျင့်နှင့်ဖေစီးဟန်သည် အချိန်အတော်ကြာအောင် တစ်ယောက်ကို တစ်ယောက် ထိခိုက်အောင် မစွမ်းဆောင်နိုင်ကြချေ။ထို့နောက် ဖေစီးဟန်က ခြံဝန်းထဲ ပြေးထွက်သွားပြီး ထွက်ပြေးဖို့ကြံသည်။သို့သော် ကျူးယန့်တို့ ရောက်လာပြီး ယိချန်က ဖေစီးဟန်ကို ဝင်ရောက်တိုက်ခိုက်လိုက်သည်မို့ တိုက်ပွဲမှာ နှစ်ယောက်တစ်ယောက်ဖြစ်သွားလေသည်။ကျူးယန့်ကတော့ ယိချန် ကိုဘေးကနေအသာကြည့်သည်။ယိချန် အဆင်ပြေတာတွေ့သ၍ သူဝင်မှာမဟုတ်ချေ။အဘယ်ကြောင့်ဆိုသော် သူ၏ မိစ္ဆာပုံစံကို ယိချန်ရှေ့မှာ မထုတ်ဖော်လို၍ ဖြစ်သည်။ဖေစီးဟန်နှင့် ယိချန် တစ်ယောက်ကို တစ်ယောက် ဓားချင်းယှက်ပြီး အားပြိုင်နေသည်ကို အခွင့်ကောင်းယူ၍ ဖေစီးဟန်က အပေါ်သို့ ခုန်လိုက်ကာ မြှားနှင့်ပြစ်ဖို့ပြင်လိုက်သည်။သို့သော် ဖေစီးဟန်၏ မျက်ဝန်းအပြာတောက်များက သူ့ကိုလှည့်ကြည့်သောကြောင့် သူမ၏ လက်မှာ ထိုမြှားကို မလွတ်လိုက်မိ။သူမ၏ မောင်လေးကို သူမ နောက်တစ်ခါ ထပ်မသတ်ချင်တော့ပါ။ဒါဟာ တကယ်နာကျင်ရသည်။ကျွော်ယိချန်နှင့် ဖေစီးဟန်သည် ဆက်လက်တိုက်ခိုက်ကြပြီး ယိချန်သည် ခြံထဲရှိ ရေလှောင်ကန်ထဲမှ ရေတွေကို ခဲစေ၍ သူ၏ လက်နက်အဖြစ်အသုံးချပြီး ဖေစီးဟန်ကို ထိခိုက်စေလေသည်။
YOU ARE READING
The Development Of Love
Randomကာကွယ်ပေးချင်တယ်။ ပြာလဲ့လဲ့မျက်ဝန်းလှလှလေးတွေ ကို ကိုယ်ပဲငေးကြည့်ချင်တယ်။နှင်းဆီဖူးလို နှုတ်ခမ်းလေးကို နမ်းခွင့်ရတဲ့သူကလဲ ကိုယ်ပဲ ဖြစ်ရမယ်။မင်းသိထားရမှာက ကျွော်ယိချန် ဆိုတဲ့မင်းက ကျူးယန့်ဆိုတဲ့ ကိုယ့်အပိုင်ပဲ ဖြစ်ရမယ် ။