Chapter 31: မက်မွန်သီးများ
ဝေ့ကျန့်ဝေ့ ဆီမှလက်ဆောင်ရပြီးနောက် ဟဲ့ရှောင်ယွင်လည်းမနေနိုင်သည့်အဆုံး ထိုလူသူ(မ)ကိုလက်ဆောင်ဘယ်နှစ်ခုလောက်ပေးနေမှန်း လက်ချိုးရေပြီးတွက်နေမိသည်။
ဝေ့ကျန့်ဝေ့ က သူ(မ)အား စာအုပ်တစ်အုပ် ၊ ဖိနပ်တစ်ရံနှင့်ပိုးသားလည်စည်းပဝါတစ်ခုကို လက်ဆောင်အဖြစ်ပေးထားသော်လည်း သူ(မ)ဘက်ကမူ ပိုက်ဆံအနည်းငယ်သုံးပြီးဝယ်ထားသည့် စာအုပ်ဟောင်းလေးကိုသာပြန်ပေးနိုင်သည်။
လက်ဆောင်ထပ်ပေးချင်သော်လည်း ဘာပေးလို့ပေးရမှန်းမသိသောကြောင့် အကျပ်ရိုက်နေပြန်သည်။ စတိုးဆိုင်သို့သွားပြီးလက်ဆောင်ပစ္စည်းဝယ်ရန်ကြံသော်လည်း ပိုက်ဆံများကထိုလူ့ပိုက်ဆံများဖြင်နေသည်။ ဟဲ့ရှောင်ယွင်အနေနှင့်သူ့ပိုက်ဆံကိုသုံးပြီး သူ့အတွက်လက်ဆောင်မဝယ်ပေးချင်ပေ။
ထိုအကြောင်းကိုဟဲ့ရှောင်ယွင်တစ်ယောက်စဥ်းစားနေသည်မှာ နှစ်ရက်သုံးရက်မျှပင်ရှိရော့မည်။ သို့သော်ကံကောင်းထောက်မစွာဖြင့်ဓာတ်ပုံများကလည်းမရောက်လာသေးသောကြောင့် ဝေ့ကျန့်ဝေ့ ဆီသို့စာပြန်ရန်အလျင်လိုနေစရာမရှိပေ။
ဤမနက်ဝက်စာကျွေးပြီးပြန်အလာလမ်းတွင် ခြံဝင်းတစ်ခုထဲရှိမက်မွန်ငီးပင်တစ်ပင်ကိုတွေ့လိုက်ရသည်။ အပင်နိမ့်နိမ့်လေးဖြစ်သောကြောင့်ခူးယူသူများပြားလှကာ အသီးမှည့်အချို့သာအပင်ပေါ်တွင် ဟိုတစ်စဒီတစ်စကျန်နေသည်။
သူ(မ)နှင့်ဝေ့ကျန့်ဝေ့ တို့အတူတူတောင်တက်ခဲ့ကြတုန်းက တောင်ထိပ်တွင် မက်မွန်သီးပင်တစ်ပင်နှစ်ပင်ခန့် တွေ့ခဲ့ရသည်ကို ဟဲ့ရှောင်ယွင် ရုတ်တရက်သတိရသွားသည်။ ထိုအချိန်တုန်းက မက်မွန်သီးအစိမ်းများမှာလက်ချောင်းတစ်ချောင်း၏အရွယ်အစားမျှသာရှိသေးသော်လည်း အခုလောက်ဆိုရင်အတော်လေးမှည့်နေလောက်ပြီ။
ဟဲ့ရှောင်ယွင်လည်း ဤတစ်ခေါက်တွင်ကံကိုယုံပြီး တစ်ခါလောက်စမ်းကြည့်ရန်ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့်နေ့လည်စာစားပြီးနောက် ယောက္ခမဖြစ်သူထံခွင့်တောင်းလိုက်သည်။
YOU ARE READING
တကယ့်မိခင်တစ်ယောက်လိုပြုမူနေထိုင်ခြင်း
RomanceDressed up as a Real Mom Status in Coo: 61 Chapter 1 Extra.