"မမဖေ ဘာလုပ်နေတာလဲ"
တစ်ယောက်ထဲထိုင်နေတဲ့ ဖေစီးကျင့်နား ဝမ်ရှောင်းဝင်ထိုင်လိုက်ပြီး မေးလိုက်သည်။ဖေစီးကျင့်သည် စကားနည်းသည် သီးသန့်ဆန်သည်။တစ်ခါတစ်လေ အထီးကျန်ပုံပေါက်လွန်းလှပါသည်။"ရောက်တက်ရာရာတွေးနေတာပါ"
"မိစ္ဆာကြီး ကျူးယန့်က အောင်ပွဲခံတဲ့အနေနဲ့ ထျန်းသူးမြို့ပြင်ဘက်က သူ့အိမ်မှာ သေရည်သောက်ဖို့ခေါ်ထားတယ် ရှောင်ကျွော်တို့တောင်သွားကြပြီ မသွားသေးဘူးလား မမဖေ"
ဖေစီးကျင့်က ဝမ်ရှောင်းကို သေချာကြည့်ပြီး စကားတစ်ချို့အလေးအနက်ဆိုသည်။
"ဝမ်ရှောင်း ကျောက်ယွမ်ကျိုးကို ယုံကြည်မထားပါနဲ့ သူက မိစ္ဆာ လိမ်လည်လှည့်ဖျားတက်တယ် ဒီလိုပြောလို့သင့်တော်ပါ့မလား မသိပေမဲ့ လူကြီး မင်းရှောင်ကျွော်နဲ့ ကျောက်ယွမ်ကျိုး အခုနောက်ပိုင်းတအားရင်းနှီးလာတယ် ဒါဟာ လူကြီးမင်းရှောင်ကျွော်အတွက်မကောင်းဘူး"
ဖေစီးကျင့်စကားများဟာ သူရဲ့စိတ်ရင်းမှန်နှင့်သာ ဖြစ်သည်မို့ ဝမ်ရှောင်းနားလည်ပါသည်။ဝမ်ရှောင်း တစ်ချက်ပြုံးလိုက်ပြီး ဖေစီးကျင့်ကို ပြန်ပြောလိုက်သည်။"မမဖေ စေတနာကို နားလည်ပါတယ် ဒါပေမဲ့ လူဖြစ်စေ မိစ္ဆာ ဖြစ်စေ ကောင်းခြင်းနဲ့ဆိုးခြင်းဒွန်တွဲနေတာ ကျောက်ယွမ်ကျိုး ကို ကျွန်မလဲ မယုံသေးပါဘူး အခုလိုပြောလို့ မမဖေစေတနာကို စော်ကားတာမဟုတ်ပါဘူး ဝမ်ရှောင်းက မမဖေကို အကြွင်းမဲ့ယုံပြီးသား အဲ့လိုပဲ ရှောင်ကျွော်လဲ ကျောက်ယွမ်ကျိုး ကိုယုံကြည်နေပြီလား ဆိုတာ ကျွန်မ မသိတာမို့ သူတို့နှစ်ယောက်ကြား မဝင်ချင်ဘူး"
ဝမ်ရှောင်းစိတ်ထဲကတော့ တွေးလိုက်ပါသည်။ဝင်ချင်းဝင် မမဖေရင်ခွင်ထဲပဲဝင်ချင်တာဟု။
ဖေစီးကျင့်သည် အပြောကောင်းသော ဝမ်ရှောင်းကြောင့်မကောင်းမမြင်ဘဲ ခေါင်းငြိမ့်ပြလိုက်သည်။ထို့နောက်သူတို့နှစ်ယောက် မိစ္ဆာကြီးရဲ့အိမ်ကို ထွက်လာခဲ့ကြသည်။ဝမ်ရှောင်းက ရောယောင်ပြီး ဖေစီးကျင့် လက်ကို ကိုင်ဆွဲလို့ပေါ့။*
မက်မွန်ပန်းတွေဟာ မြေပြင်မှာ ပတ်ကျဲထားသလို ရှိနေကြသည်။အပင်ပေါ်၌လည်း လှပစွာဝေဆာနေကြပြန်သေးသည်။ကျူးယန့်သည် မက်မွန်ပင်ရဲ့သစ်ခတ်တွေကြား သူရဲ့ရေမှန်းမသိသေရည်မှန်းမသိသော ဘူးကို သောက်နေလေသည်။ကျူးယန့်အနေအထားဟာ ကိုယ်ကို စောင်းထားပြီး ဒူးတစ်ဖက်ထောင်ထားသည်။လက်တစ်ဖက်က သူရဲ့နားထင်ကိုသူပြန်ထောက်ထား၍ နောက်တစ်ဖက်က ထောင်ထားတဲ့ဒူးပေါ်တင်ထားလေသည်။ဘယ်လိုပဲ ကြည့်ကြည့် မိစ္ဆာကြီး ကျူးယန့် မက်မွန်ပင်တွေကြားထိုင်နေသည်မှာ စာဖွဲ့ဆိုရလောက်အောင်ကြည့်ကောင်းသည်။သူရဲ့အရှေ့မှာ ရပ်နေတဲ့ သူကိုငေးကြည့်နေတဲ့ မျက်လုံးများကတော့ ကဗျာဖွဲ့ဖို့အတွက် လုံလောက်လေသည်။တိမ်လွှာအလင်းဓားကိုင်ဆွဲထားပြီး ခရမ်းနှင့်အပြာစပ်ထားတဲ့ဝတ်စုံကို ဝတ်ဆင်ထားသည့်ဒီအမျိုးသားဟာ ဆံနွယ်ရှည်တွေ ခါးနားကျော်ပြီး ကျူးယန့်သိပ်သဘောကျရတဲ့ မျက်ဝန်းတွေဟာလည်းတောက်ပနေသည်။ ခန္ဓာကိုယ်အချိုးအစားက ကောက်ကွေးလှပနေသည်မဟုတ်သည့်တိုင် ပြေပြစ်စွာ ကျော့ရှင်းလှပသည်။တကယ်ပါ ကျူးယန့်အသက်သုံးသောင်းကျော်ရှင်သန်လာသည့်တောက်လျှောက် လူ နတ် မိစ္ဆာမရေတွက်နိုင်အောင်တွေ့ဖူးသည် ။သို့သော် ကျွော်ယိချန်လို သူ့ကို ဆွဲဆောင်မူရှိတဲ့သူမျိုးတော့ မရှိခဲ့ပေ။
YOU ARE READING
The Development Of Love
Randomကာကွယ်ပေးချင်တယ်။ ပြာလဲ့လဲ့မျက်ဝန်းလှလှလေးတွေ ကို ကိုယ်ပဲငေးကြည့်ချင်တယ်။နှင်းဆီဖူးလို နှုတ်ခမ်းလေးကို နမ်းခွင့်ရတဲ့သူကလဲ ကိုယ်ပဲ ဖြစ်ရမယ်။မင်းသိထားရမှာက ကျွော်ယိချန် ဆိုတဲ့မင်းက ကျူးယန့်ဆိုတဲ့ ကိုယ့်အပိုင်ပဲ ဖြစ်ရမယ် ။