ညအမှောင်သည် ပိန်းပျပျ နှင့် ဝမ်းနည်းစရာလေထုကို လွှမ်းခြုံထားသည်။တံတားငယ်လေးမှာ ရန်ယီသည် သခင်မလေးချီကို ပွေ့ဖက်ထားလျက် ထိုင်နေသည်။
"အဲ့နေ့က ကိုယ် လူသားတွေဒုက္ခပေးလို့ ပြေးလွှားနေရတဲ့ ငါးလေးတစ်ကောင်ဖြစ်ခဲ့တာ ဒါပေမဲ့ မင်းကယ်တင်ပေးခဲ့လို့ ကိုယ်အသက်ဆက်ရှင်ခဲ့ရတယ်"
"နောက်တော့ ရှင့်ကို ကျွန်မဆီက ထွက်သွားမယ်ထင်ပေမဲ့ ရှင်က ကျွန်မထားတဲ့အလှမွေးကန်လေးထဲမှာပဲ နေခဲ့တယ်နော်"
"အင်း ကိုယ့်မှာ ထွက်သွားချင်တဲ့စိတ်ဆန္ဒမရှိခဲ့ဘူး မင်းကို ညတိုင်းကိုယ်အမြဲငေးကြည့်နေခဲ့တာ မင်းအနားမှာ နေရတဲ့ဘဝမျိုးမှာ ကိုယ်ကအမြဲပျော်ရွှင်နေသွားတာ''
အတိတ်သည်ကားမလှပသလို အနာဂတ်သည်ကားလည်း ရက်စက်လှသည်။သခင်မလေးချီမှာ မောပန်းနန်းနွယ်မှုနှင့်အတူ ရန်ယီ့စကားများကို အပြုံးနှင့်နားထောင်နေလေသည်။သူမ မှာအချိန်အများကြီးမရှိတော့။သူမ အမြဲ မြင်ချင်ခဲ့တဲ့ တောင်တန်းနှင့်ပင်လယ်တွေကို လည်း မြင်တွေ့နိုင်ခွင့်မရှိတော့။သို့သော် သူမရဲ့နောက်ဆုံးချိန်မှာ ရန်ယီ့အနားမှာ ရှိနေရသည်မို့ ပျော်ရွှင်ရပါသည်။
ရန်ယီ သခင်မလေးချီကို ရင်ခွင်ထဲ ထည့်ဖက်ထားပြီး အတိတ်ကအကြောင်းတွေ ပြန်စဉ်းစားနေမိသည်။ဒီဘဝမှာ သူ ဒီလူသားနှင့်အတူထပ်မရှိနိုင်တော့သည့်တိုင် နောက်ဘဝများတော့အတူရှိချင်သည်။လွတ်လပ်မှုတွေကို သူ သခင်မလေးချီအတွက်မဆောင်ကြဉ်းပေးနိုင်ခဲ့ပေ။ကံကြမ္မာက သူတို့ကို ပေါင်းဖက်ဖို့ ကံမပေးရင် သူကတော့ ကံကြမ္မာကို လွန်ဆန်ရပါလိမ့်မည်။
ရေကန်ထဲမှာ လှေငယ်လေးတစ်ဆင်း မျောပါနေသည်။ထိုလှေငယ်တွင် အသက်မဲ့နေသော သခင်မလေးချီ၏ ခန္ဓာနှင့် သခင်မလေးချီကို ငေးကြည့်နေသော ရန်ယီတို့ ပါရှိလေသည်။ခဏအကြာတွင် ထိုလှေငယ်မှ အရောင်တလက်လက်ထနေသော အမှုန်အမွှားတွေ ပျံလွင့်လာတာကို ကျူးယန့်တို့ သုံးယောက်တွေ့လိုက်ရသည်။ကျူးယန့်က တည်ငြိမ်မှုနဲ့အတူ စိတ်မကောင်းခြင်းများစွာဖြင့်ပြောလိုက်သည်။
YOU ARE READING
The Development Of Love
Randomကာကွယ်ပေးချင်တယ်။ ပြာလဲ့လဲ့မျက်ဝန်းလှလှလေးတွေ ကို ကိုယ်ပဲငေးကြည့်ချင်တယ်။နှင်းဆီဖူးလို နှုတ်ခမ်းလေးကို နမ်းခွင့်ရတဲ့သူကလဲ ကိုယ်ပဲ ဖြစ်ရမယ်။မင်းသိထားရမှာက ကျွော်ယိချန် ဆိုတဲ့မင်းက ကျူးယန့်ဆိုတဲ့ ကိုယ့်အပိုင်ပဲ ဖြစ်ရမယ် ။