Chapter 2

42 11 6
                                    

#Unicode
အခန်း(၂)
လော့
<<<<<

လူတိုင်း၏ ထိတ်လန့်နေသော အကြည့်များအောက်တွင် ဆိုင်အကူက ပြောလာသည်။

"ပျော်ရွှင်စရာ... ကစားပွဲလေး...ဖြစ်ပါစေလို့...ဆုတောင်းပေး...လိုက်ပါတယ်...."
သူမ၏အသံက ကွဲကွဲပြားပြားမရှိဘဲ တစ်ခါတစ်ရံတွင် ယောက်ျားဆန်နေကာ တစ်ခါတစ်ရံတွင် မိန်းမဆန်နေသည်မှာ ရွှေဆွဲကြိုးနှင့်လူကြီးပိုင်ဆိုင်သည့် အစိတ်အပိုင်းကို အစာခြေဖျက်နေသည့်အလားပင်။

ဆိုင်အကူအမျိုးသမီးက ကိုးယိုးကားယားနိုင်သော ကိုယ်နေဟန်ထားနှင့် အဆီအငေါ်မတည့်သော လှုပ်ရှားမှုများဖြင့် စတင်၍ ထွက်သွားလေတော့သည်။ ယခုတစ်ကြိမ်တွင် မည်သူမှ သူမကို မတားရဲတော့ချေ။

ထို့နောက်တွင် 'တင်းတောင်...'ဟူသော အသံနှင့်အတူ ခပ်အက်အက် အမျိုးသားအသံတစ်သံထွက်ပေါ်လာသည်။
"ငါ ပိုက်ဆံဖြုန်းတီးတဲ့လူတွေကို မုန်းတယ်..."

တစ်ချိန်တည်းတွင် နံရံပေါ်၌ ဧရာမ countdown ကြီးပေါ်ထွက်လာသည် __ 00:59:59

ဒါ ဘယ်လိုအခြေအနေမျိုးကြီးလဲ? လူတိုင်း အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ မတိုင်က သူတို့အားလုံး ဆိုးဆိုးရွားရွားကြောက်ရွံ့ခဲ့ရပြီး ယခုတွင် ရှင်းပြနိုင်ခြင်းငှာ မစွမ်းသာသော ဤကစားပွဲနှင့် ကြုံတွေ့နေရပြန်သည်။ လူတိုင်း အားပါးတရ မဆွေးနွေးမိဘဲ မနေနိုင်တော့ချေ။

"ဒါ ဘယ်လိုဂိမ်းကြီးလဲ? ကြောက်စရာကြီး..."

"ငါတို့ဘာလုပ်ရမှာလဲ? ပစ္စည်းတွေရွေးရမှာလား? ဘယ်လို ရွေးရမှာလဲ?"

"အပြစ်ဒဏ်ဆိုတာက ခုနကလိုမျိုးတော့ မဟုတ်.... မဟုတ်လောက်ပါဘူးနော်...."

ဤသည်ကိုမြင်ပြီး ဝတ်စုံပြည့်နှင့်ယောက်ျားက အချိန်ကိုက်ချောင်းဟန့်လိုက်ကာ လူတိုင်း၏အာရုံကို အရယူလိုက်သည်။

"အတိုချုံးပြောရရင်...."
ဝတ်စုံပြည့်နှင့်လူက ရှင်းလင်းနေသည့်အသံဖြင့်ပြောလိုက်သည်။
"ဒီနေရာကို သီးခြားကမ္ဘာလို့ ခေါ်တဲ့ပုံပဲ... ဝင်လာတဲ့လူတိုင်းက ကစားပွဲတစ်ခုထဲမှာ ကျပန်းကစားသမားတစ်ယောက် ဖြစ်လာတာ... ဒါက သေခြင်း ရှင်ခြင်း ကစားပွဲတစ်ခုဖြစ်ပြီး ကျွန်တော်တို့ လုပ်ရမှာက အသက်ရှင်အောင်နေဖို့ပဲရှိတယ်... ခုနက ဆိုင်အကူက တာဝန်တွေကို ကြေငြာပေးတဲ့ NPC*တစ်ယောက်ပဲ... တင်းတောင်ဆိုတဲ့ မြည်သံပြီးတော့ ထွက်လာတဲ့အသံက ဖြစ်စဉ်ကို ရှင်းဖို့ အရိပ်အမြွက်တစ်ခုပဲ..."
(NPC = Non Player Character )

Survial Gameတွေကိုဖြတ်ကျော်ဖို့ငါ့ရဲ့ဆင်းရဲမွဲတေမှုအပေါ်မှီခိုနေရတယ်Where stories live. Discover now