.........................................အချစ်ဦးကို စတွေ့ခဲ့သည့်နိုင်ငံမှာ
အချစ်ဦးကို လာပြန်ရှာသော်လည်း
အချိန်တွေသာ တစ်ရက်ပြီးတစ်ရက်
ကုန်ဆုံးခဲ့ရလေသည်။ ယနေ့ထိ
အချစ်ဦး၏ အရိပ်အယောင်ကိုပင်
မတွေ့ရှိရသေး။ အဖြေပေးမည် ဟု
ပြောပြီး မျှော်လင့်ချက်ပေးသွားသူသည်
အဆက်အသွယ်မှန်သမျှဖြတ်ထားသည်။
သူလေး ရှိနေတက်မည့်နေရာမှန်သမျှ
အနှံ့အပြားထိ လိုက်ရှာကြည့်ခဲ့ပြီးပြီ။
ပျောက်သောသူ ရှာရင်တွေ့မည်
ပုန်းရှောင်နေသူကိုတော့
ရှာလေမတွေ့ ဖြစ်နေ၏။"ဟူးးးး"
နှာခေါင်းနဲ့တင်မက ပါးစပ်နဲ့ပါ
ကျော့ဝတီ သက်ပြင်းချနေရသည်။
ပူဆွေးလှသော မျက်ရည်စများဟာ
အေးစက်စက်မျက်ဝန်းအိမ်တွေထဲမှာ
ပြည့်လျှံ တွဲကပ်နေ၏။ဆာကူရာပန်းများပြန့်ကျဲနေသော
လမ်းမကြီး၏ ဘေးတစ်နေရာက
ထိုင်ခုံပေါ်မှာ ကျော့ဝတီ ခြေပစ်လက်ပစ်
ထိုင်ရင်း မိုးပြာရောင်ကောင်းကင်ကြီးကို
စိတ်ပျက်အားငယ်စွာ မော့ကြည့်နေမိ၏။
သူ့ဘဝမှာ ဒီတစ်ခါသာ
ပုံဆိုးပန်းဆိုးနေဖူးသည်။မိုးပြာရောင် ကောင်းကင်ကြီးကို
မောကြည့်နေစဉ်
ဆာကူရာပန်းရနံ့နှင့်အတူ လေအေးများ
တိုးဝှေ့တိုက်လာသောအခါ
မထိန်းသိမ်းနိုင်တော့သော
သူ့ဆံနွယ်ဖြူများ လေထဲ ဝဲပျံချင်သလို
ဝဲပျံနေလေတော့သည်။လေငြိမ်သွားသည်နှင့်
မျက်နှာပေါ် ဖရိုဖရဲပြန်ကျလာသော
ဆံနွယ်ဖြူတချို့ကို လက်ညှိုးနှင့်
သိမ်းယူပြီး နားသယ်ကြားထဲ
ညှပ်ထည့်ကာ ကောင်းကင်ကြီးကို
မော့ကြည့်နေလျက်။တိမ်ဖုံးထားတာတောင်
နေအလင်းရောင်က ဖြာထွက်နေဆဲ။မင်းပုန်းနေတာတောင်
မင်းကိုယ်သင်းရနံ့ကို
ကိုယ်အနံ့ခံနေမိတယ်။
မင်းဘယ်မှာလဲ။"မုတ် မင်းဘယ်မှာလဲကွာ...."
"ဒီမှာ!!"
ရုတ်တရက်ဆန်ဆန် ထွက်ပေါ်လာသော
အသံထပ်တူကျရာ နေရာဆီကို
ကျော့ဝတီ ဖျတ်ခနဲ လှည့်ကြည့်မိတော့
YOU ARE READING
I Hate You
FantasyWarning: 18 ABO worldကို အခြေခံရေးသားထားပါသည်။ စိတ်ကူးယဉ် ficလေးမို့ အပြင်လောကနှင့် များစွာ ကွာခြားနိုင်ပါသည်။