Chapter.9

2K 77 4
                                    

Unicode

အချစ်၏နူးညံ့ခြင်း

Chapter.9

ဘုန်းမြတ်ကသူ့ကတိအတိုင်း ခင်ချူးကိုအပြင်လိုက်ပို့ပေးခဲ့၏။

''ဘိုးတော်...ကျုပ်ကိုကစားကွင်းပို့ပေးပါလား...ကျုပ်ဆော့ချင်လို့''

''ကစားကွင်းကကလေးတွေသွားရတာ''

''ခင်ဗျားပြောတော့ကျုပ်ကိုပျော်​အောင်လုပ်ပေးမယ်ဆို...ခင်ဗျားစကားမတည်ဘူးလား...တော်ပြီ အိမ်ပဲပြန်မယ်''

''okok...လိုက်ပို့ပေးပါမယ် စိတ်ချည်းပဲ''

သူကားကိုကစားကွင်းဆီသို့ဦးတည်လိုက်၏။

မယ်စိတ်လက်တစ်ဆစ်ကသူ့စိတ်ချည်း။

သူတို့စကားကွင်းကိုရောက်တော့ မယ်မင်းကြီးမလေးကရိုလာကိုစတာအရင်သွားစီးသည်။
သူကတော့အောက်မှာပဲကျန်နေခဲ့၏။

သူမကိုတော့ သူကခေါင်းမူးတတ်လို့မစီးတာလို့ပြောလိုက်ပေမယ့် တစ်ကယ်ကသူကြောက်လို့ပါ။

''ဟေ့လူ...ခင်ဗျားကတောင့်တောင့်ကြီးပဲလုပ်နေတော့မှာလား...ကျုပ်နဲ့အတူလိုက်မဆော့ဘူးလား''

သူမကကစားစရာတွေတစ်ဝက်လောက်ထိဆော့ပြီးသည့်တိုင် သူကဘေးကနေပဲလိုက်ကြည့်နေလေ၏။

''ငါကကလေးမှမဟုတ်တာ မင်းသာဆော့စမ်းပါ''

''မသိရင်အဖေကသူ့ကလေးကိုလိုက်စောင့်ရှောက်နေတာကျလို့ပဲ''

သူမစကားကိုကြားတော့ သူမသိမသာပြုံးလိုက်မိသည်။

တစ်ကယ်လည်းသူကအဖေ သူမကသမီးနဲ့တူနေသည်လေ။

သူမကလည်းတစ်ကယ်ကိုကလေးလိုမျိုးလွတ်လွတ်လပ်လပ်ပျော်နေခဲ့လေသည်။

***

''မင်းကလည်းနော်...ငါတို့နဲ့လုပ်ငန်းတူလုပ်နေလို့သာတော်တော့တယ် အတော်ကိုဖမ်းယူရတယ်''

ဘုန်းခန့်သူငယ်ချင်းတွေက သူ့အစ်ကို,မိန်းမယူလာတဲ့သတင်းကိုကြားပြီးအခုလိုရောက်လာခြင်းပင်။

''မင်းအစ်ကိုလိုလူချောက တောသူမလေးကိုမယားအဖြစ်ခေါ်လာတယ်ဆိုတော့ငါတို့အတော်အံ့သြနေတာ''

အချစ်၏နူးညံ့ခြင်း[Ongoing]Where stories live. Discover now