သူသည်မည်မျှဆိုးသွမ်းသောမင်းသားတစ်ယောက်ဖြစ်စေကာမူ ဧကရာဇ်ရှောင်းခဲ့မှတိုက်ရိုက်ေသွးသားဖြစ်ပြီး သူနှစ်သက်ေသာအမျိုးသမီးေလးကတစ်ဦးတည်းေသာသားေတာ်,တော်ဝင်အနွယ်တော်တစ်ဦးဖြစ်၍ သူကကျင့်ဝတ်များကိုဖီဆန်ရန် ဆန္ဒမရှိပါချေ။
"အရှင့်သား "
သူလျှောက်တင်တော့အထဲမှ အသိအမှတ်ပြုလာ၏
"အမ်း"
"အရှင့်သား ကျွန်တော်မျိုးတို့နဲ့အတူ.....ခရိုင်ကို မင်းသားကောင်းယွင်ကလိုက်ခဲ့ချင်နေပါတယ်"ရှောင်းကျန့်ဒီနာမည်ကိုစဉ်းစားနေမိသည် ။သူဖတ်ခဲ့သမျှဇာတ်ကွက်တစ်ခုလုံးကိုထူပူနေအောင်စဉ်းစားသော်လည်း ကောင်းယွင်သည်ကား ဘယ်ဇာတ်ကောင်နေရာမှာမှသူမတွေ့ခဲ့ရပေ။
သူကဖြတ်လျှောက်တောင်မဟုတ်တာလား!ရှောင်းကျန့်ထိုခဏ၌ဝမ်ရိပေါ်အားြကည့်ကာအကဲခတ်မိ၏
ကြည့်ရတာဇာတ်လိုက်လေး၏တည်ငြိမ်နေပုံအရ သူလည်းဒီကောင်းယွင်ဆိုတဲ့ဇာတ်ကောင်ကိုသိပံုမရချေ။အမှန်တကယ်ပင် ဝမ်ရိပေါ်သည်လည်းဤကောင်းယွင်ကိုသိမနေပါချေ။ထို့ကြောင့်မျက်မှောင်သာကျုံ့မိသွားသည်။
"အမ်း ကောင်းပြီ သူကလိုက်မှာသေချာရဲ့လား"
"ကျွန်တော်မျိုးလည်းအတိအအကျမဆံုးဖြတ်ရဲပါဘူး ဒါကြောင့် အရှင့်သားရဲ့ခွင့်ပြုချက်ကိုအရင်ဆုံးသိချင်ပါတယ်"ချန်လင်ဖုန်းသည်တဖက်သူကလိုက်ချင်သည် ြဖစ်စေ၊မလိုက်ချင်သည်ဖြစ်စေ ရှောင်းကျန့်ကငြင်းဆန်လာပါက ထိုတစ်ယောက်အားဒီနေရာ၌ပင်အစောင့်တစ်ချို့နဲ့ပြန်စေလိုက်မည်ြဖစ်သည်။
ရှောင်းကျန့်သည် ထိုကောင်းယွင်အား ကန့်လန့်ကာကိုဖြတ်ကာတစ်ချက်ကြည့်လိုက်မိ၏
ြကည့်ရတာဆိုးသွမ်းပုံမရပဲလူရည်မွန်မင်းသားတစ်ပါးဖြစ်ပေလိမ့်မည်ဟုကောက်ချက်ချလိုက်သည်။ဒီခရီးမှာ အဓိကအေြကာင်းအရင်းက မိတ်ဆွေဖွဲဖို့ပင် ြဖစ်၏
ဒါမှဇာတ်လိုက်လက်ကနေ လွတ်လမ်းတစ်လမ်း အပိုရှိလာနိုင်မည်ဖြစ်သည်။
ဤသည်မှာဟို ကကျိုးကချောင်system၏ အရေမရအဖက်မရ mission ကြောင့်ဖြစ်၏
YOU ARE READING
❄️အင်ပါယာအရှင့်၏ ြကင်ယာတော်❄️
Historical Fiction#not translation #own creation #You can enjoy both uni & zawgyi versions ဖက်လက်စစာအုပ်ထဲကိုကူးပြောင်းသွားခဲ့တဲ့ရှောင်းကျန့်တယောက် သူဘယ်လိုရှင်သန်ရန်ကြိုးစားမလဲ သူ့ရဲ့ဗီလိန်ကံကြမ္မာကို ပြောင်းလဲဖို့ဘယ်လိုတွေကြိုးပမ်းရင်း ဇာတ်လိုက်ရဲ့ရွှေပေါင်လုံးကို...
Chapter 10
Start from the beginning