ရှောင်းကျန့်သည်ဇာတ်လိုက်လေး၏ တဖန်ပြန်ကြည့်လာသောစူးရှသောအကြည့်ကြောင့် တောင့်တင်းသွားကာ
မျက်နှာပင်ဘယ်နားထားရမှန်းမသိတော့ပေ။
'အာ သူ တုတ်ထိုးသကြားလံုးကိုမဝယ်လာလိုက်သင့်ဘူးထင်တယ် ဇာတ်လိုက်ကပြန်မွေးဖွာလာကာ သူ့ကိုလုံးလုံးအမြင်မကြည်တာကိုသိပါသော်လည်း ဘာပဲဖြစ်ဖြစ် ဖားသင့်ရင်တော့ဖားရမှာပဲ ဇာတ်ကြောင်းထဲကလို အသတ်မခံရသ၍အဆင်ေြပသည်'ဟုရှောင်းကျန့်တွက်ဆလိုက်တော့ကာ
တောင့်တောင့်ကြီးပြန်ပြုံးပြတုံ့ပြန်လိုက်တော့၏'သေစမ်း ငါ့ပုံစံက ဇာတ်လိုက်ကိုအခွက်ပြောင်နေသလိုများဖြစ်နေမလားမသိဘူး၊အခုေနမှန်တစ်ချက်သာပြေးကြည့်ချင်လိုက်မိသည်
အပြုံးတုကြီးကိုပြုံးထားရလို့ပါးတွေတောင်ရွဲ့ချင်ချင်ဖြစ်လာသလိုပဲ ဇာတ်လိုက်ကြီးရေငါ့ကိုဘာကိစ္စဆက်ကြည့်နေရတာတုန်းကွာ'
ရှောင်းကျန့်၏စိတ်ထဲတွင်ဝရုန်းသုန်းကားဖြစ်နေပေမယ့်
အပြင်ဘက်တွင်တော့သူ့၏အမူအရာသည် မျက်နှာကားတ ြခားတဖက်သို့အနဲငယ်လွှဲထားကာ လေကြောင့်ရထားလုံးလိုက်ကြာကားက ပေါ်လိုက်ပျောက်လိုက် မြင်ကွင်းများကို လှပစွာပြုံး၍ကြည့်နေသယောင်ထင်ရ၏အမှန်ကတော့ ဇာတ်လိုက်လေးဟာ ကာယကံရှင်အားြကည့်နေရခြင်းမှာ ဤသူသည် ဘယ်သောအခါမှအခုလိုအချိန်လေးကဲ့သို့ကြာရှည်စွာ မပြုံးခဲ့ဖူးပေ
သူ့၏ယခင်ဘဝမှာရောယခုဘဝမှာတိုင်အောင်ပင်။
'လိုက်ကာအပြင်ဘက်ကဘာတွေများရှိလို့အဲ့သလောက်ပြုံးပြီးြကည့်နေရတာတုန်း'ဝမ်ရိပေါ်စိတ်ထဲမကျေမနပ်ဖြစ်သွားရ၏
ဤသူ၏အပြံုးသည်လွန်စွာလှပသော်လည်းအတွင်းစိတ်သည်ကျီးအာသီးတစ်လုံးကဲ့သို့ပုတ်ပွနေခဲ့သည်ရထားလုံးထဲရှိကိုးယို့ကားယားဖြင့်အနေရခက်သွားမှုကို
တိတ်တဆိတ်ပင် အသံတစ်သံက ဖြတ်တောက်ပစ်လိုက်၏စစ်သူြကီးချန်လင်ဖုန်းသည် အရှင့်သားရှိရာရထားလုံးသို့လာကာ တံခါးဘောင်လေးကိုခေါက်ကာအသိပေးလိုက်သည်။
YOU ARE READING
❄️အင်ပါယာအရှင့်၏ ြကင်ယာတော်❄️
Historical Fiction#not translation #own creation #You can enjoy both uni & zawgyi versions ဖက်လက်စစာအုပ်ထဲကိုကူးပြောင်းသွားခဲ့တဲ့ရှောင်းကျန့်တယောက် သူဘယ်လိုရှင်သန်ရန်ကြိုးစားမလဲ သူ့ရဲ့ဗီလိန်ကံကြမ္မာကို ပြောင်းလဲဖို့ဘယ်လိုတွေကြိုးပမ်းရင်း ဇာတ်လိုက်ရဲ့ရွှေပေါင်လုံးကို...