ချုံဝူစခန်းက စစ်သူကြီး လုပ်ကြံခံခဲ့ရသည်။သို့သော် မိစ္ဆာအမဲလိုက်ဌာနသည် မတရားစွပ်စွဲခံရပြီး တရားခံ ဖြစ်သွားသည်။အခုသေ သွားသူမှာ ရှန့်မင်းသားရဲ့သူလျှိုဖြစ်သောကြောင့် ရှန့်မင်းသားမှာ မိစ္ဆာအမဲလိုက်ဌာနကို လွန်စွာ စိတ်ဆိုးသွားသည်။
"ဝန်ကြီးချုပ်ရဲ့ ပြောပေးမှုကြောင့် ရှန့်မင်းသားက စိတ်ကိုတထစ်လျှော့ပြီး အမိန့်ချလိုက်ပြီ ရေမိစ္ဆာအမှုကို အချိန် ၁ ရက်အတွင်း ဖြေရှင်းရမယ် မဟုတ်ရင် လက်မှတ်ထိုးထားတဲ့သူတွေရဲ့ခေါင်းကို ယူလာဖို့ "
ဝမ်ရှောင်းရဲ့မွေးစားအဖေဖြစ်သူ မိစ္ဆာအမဲလိုက်ဌာနရဲ့အကြီးအကဲက မျက်နှာမကောင်းစွာနဲ့ ပြောလာသည်။ရှောင်ကျိုမှာ ကလေးပီပီ ထိတ်လန့်နေသည်။
"အဓိက ကရေမိစ္ဆာကို ဖမ်းမိဖို့ပဲ ကျွန်မတို့လုပ်နိုင်မှာပါ တအားစိတ်မပူကြနဲ့ ""ဒါပေမဲ့ ငါသခင်ကြီး ချီကို သံသယ ရှိတယ် ဒီအမှုမှာ ငါတို့မသိသေးတာတွေအများကြီးရှိနိုင်တယ်လို့ ခံစားရတယ်"
ဝမ်ရှောင်းနဲ့ယိချန်က ဆွေးနွေးမှုစတင်နေပြီ။ကျူးယန့်ကတော့ တစ်ခွန်းမှ ဝင်မပြောပဲ ငြိမ်ပြီးနားထောင်နေသည်။ရှောင်ကျွော်မှ သူ့ကိုမကြည်ဖြူသေးသည်ကိုး။အနေအထိုင်ဆင်ခြင်နေရလေသည်။ ရှောင်ကျိုကတော့ ယိချန်ရဲ့စကားတွေကို လေ့လာမှတ်သားပြီး သူရဲ့စံပြပုဂ္ဂိုလ်ဆီက သင်ယူနေသည်။ထိုအချိန်တွင် လူကြီးမင်းဖေအလောတကြီး ရောက်လာသည်။
"သခင်မလေး ချီပျောက်သွားပြီ"
ဟာခနဲဟင်ခနဲဘာဆက်လုပ်မလဲမသိတဲ့အခိုက်အတန့်တွေ။
"ကျွန်မတို့ပထမဆုံးစုံစမ်းမယ်ဆို သခင်ကြီးချီဆီအရင်သွားရမှာပဲ သူက အရင်တစ်ခေါက်က မိစ္ဆာသုတ်သင်သူကို အကြောင်းပြပြီး ကျွန်မနဲ့လူကြီးမင်းရှောင်ကျွော်ကို ထောင်ချောက်ထဲတွန်းပို့ခဲ့တာ "
ဖေစီးကျင့်လည်း သူတို့နဲ့အမြင်တူစွာ ဝင်ဆွေးနွေးလာပြီ။ထို့နောက် ဘာဆက်လုပ်ရမလဲဆိုသော အသေးစိတ်ကို တိုင်ပင်ကြလေသည်။အချိန်တွေခဏအတွင်းကုန်ဆုံးသွားသည်။သို့သော် မိစ္ဆာအမဲလိုက်ဌာနအတွင်းမှ စကားသံတွေကတော့ မကုန်ဆုံးခဲ့ချေ။အမြဲ သက်ဝင်လှုပ်ရှား ယောက်ယက်ခတ်စွာရှိနေကြဉီးမည်။
*
ရေကန်အလယ်က ကျွန်းငယ်လေး။
ထိုကျွန်းပေါ်တွင်အိမ်တစ်လုံးရှိလေသည်။
လူတစ်ယောက် ဒါမှမဟုတ် လူမဟုတ်သောသူတစ်ယောက်သည် ခန့်ညားစွာ တံတားငယ်လေးကို ဖျက်ပြီး ထိုအိမ်ဆီလျှောက်လာလေသည်။
အိမ်ထဲမှ အပြာရောင်ဝတ်စုံနဲ့ သူတစ်ယောက်က ထွက်လာသည်။

YOU ARE READING
The Development Of Love
Randomကာကွယ်ပေးချင်တယ်။ ပြာလဲ့လဲ့မျက်ဝန်းလှလှလေးတွေ ကို ကိုယ်ပဲငေးကြည့်ချင်တယ်။နှင်းဆီဖူးလို နှုတ်ခမ်းလေးကို နမ်းခွင့်ရတဲ့သူကလဲ ကိုယ်ပဲ ဖြစ်ရမယ်။မင်းသိထားရမှာက ကျွော်ယိချန် ဆိုတဲ့မင်းက ကျူးယန့်ဆိုတဲ့ ကိုယ့်အပိုင်ပဲ ဖြစ်ရမယ် ။