Extra

1K 23 0
                                    

သူမ ♥

"မောင့် ထပါတော့ဆို၊
နောက်ကျနေလိမ့်မယ်"

"မောင်အိပ်ချင်သေးတယ်ပန်းလေးရဲ့"

ပုခက်လေးထဲမှ သမီးက တလှုပ်လှုပ်ဖြစ်လာပြီမို့ မောင့်ကိုခဏထားကာ သမီးကိုအသာလေးပုတ်ပြီးပြန်သိပ်ရသည်။
နှိုးနေတဲ့သူက မထပါဘဲသမီးကနိုးလာတော့မည်။
သမီးနိုးလာရင်မောင့်ကိုဘာမှပြင်ဆင်ပေးနိုင်မှာမဟုတ်။
ပြင်ဆင်မပေးပြန်လျှင်လဲမောင်ကခန္ဓာကိုယ်ဗလာနှင့်ရပ်စောင့်နေမှာ။

ဒီနေ့ မောင့်သူငယ်ချင်း ကိုလင်းရောင် နှင့် ကိုနေခ၏ မင်္ဂလာပွဲမို့ မောင့်ကိုခပ်စောစောသွားစေချင်တာဖြစ်သည်။
သာယာက ပွဲချိန်နီးမှလိုက်သွားလဲဘာမှမဖြစ်။

"မောင်ရေ ထပါတော့ဆို"

"ထပြီမောင့်မိန်းမရယ် မောင်ထပါပြီ"

"ရှင်နော် ဘာကိုမိန်းမလဲ
မခေါ်နဲ့အဲ့လို"

"ဘာရှင်လဲ၊ ပြန်ခေါ် မောင်လို့"

"ရစ်မနေဘဲရေသွားချိုးတော့မောင်
တော်ကြာသမီးနိုးလာရင် ဘာမှပြင်ဆင်ပေးလို့ရမှာမဟုတ်ဘူး"

မောင်ကအိပ်ယာပေါ်ကဆင်းသည်နှင့် သာယာ့ကိုလာနမ်းသည်။

"ဘယ်အချိန်ဖြစ်ဖြစ်မွှေးနေတာပဲ"

"အရမ်းအသားယူတယ်"

"သမီးက တစ်နေ့တစ်ခြားကြီးလာပြီပဲ
မြန်မြန်လူကြီးဖြစ်လာပါစေ"

သမီးကအခုဆိုခြောက်လရှိနေပြီဖြစ်သည်။
သမီးမှာချို့ယွင်းချက်လေးပါလာခဲ့သည်။
ဆရာဝန်ရဲ့ခန့်မှန်းချက်အရ သမီးလေးကစကားပြောနိုင်ဖို့မသေချာဘူးတဲ့လေ။
အတိအကျတော့မဟုတ်ပေမဲ့စောင့်ကြည့်ဆဲကာလပင်ဖြစ်သည်။
သမီးကငိုလျှင်တောင်အသံပိစိလေးသာထွက်ပြီး မျက်ရည်တွေကျလာတာကြောင့်သာငိုမှန်းသိရတာဖြစ်သည်။
သမီးကို ကိုယ်ဝန်ဆောင်စဥ်က ထိခိုက်သွားတာကြောင့်အခုလိုဖြစ်ရခြင်းပင်။
တွေးမိတိုင်းသာယာစိတ်မကောင်းဖြစ်ရမြဲ။
သမီးနည်းနည်းကြီးလာရင်တော့တဖြေးဖြေးကုသကြည့်ရမှာပင်။

သမီးဘေးမှာအတွေးလွန်နေတာကြောင့်
မောင်ရေချိုးပြီးထွက်လာတာပင်သတိမထားမိ။
မျက်နှာကိုရေစက်တို့လာစင်မှသတိထားမိရသည်။

👑 သူမ 👑 [Completed]Where stories live. Discover now