ဧည့်ဆောင်လို့သတ်မှတ်ထားပေမယ့် အတော်ကိုကျယ်ဝန်းတဲ့နှစ်ထပ်ဆောင်လေးရဲ့ လရောင်ကြည့်မျှော်စင်လေးမှာ လူငယ်လေးတစ်ယောက်ကသူရဲ့လက်တစ်ဖက်ကို ေနာက်ပစ်ကာ အဝေးတစ်
နေရာသို့ကြည့်နေခဲ့သည်။''ဝမ်ကျယ် ''
နောက်ကျောဘက်ဆီမှခေါ်သံကြားတဲ့အခါမှာ အနည်းငယ်စောင်းငဲ့ကြည့်လိုက်တော့ သူ့ရဲ့အစ်ကိုက ေအးချမ်းသောအပြုံးတစ်ခုဖြင့်အနားကိုလျှောက်လာသည်။
အစ်ကိုဖြစ်သူအား တရိုတသေပြန်ပြီးခေါင်းငုံကာနှုတ်ဆက်လာတဲ့ညီဖြစ်သူကြောင့် ဝမ်ဟိုက်ခွမ်း ထပ်မံပြီးပြုံးလိုက်သည်။
''ဝမ်ကျယ်....ဘာတွေဒီလောက်တောင် ငေးကြည့်နေတာလဲ ''
''............''
မည့်သည့်စကားမျှပြန်မပြောဘဲ တစ်နေရာသို့ကြည့်နေတဲ့ညီဖြစ်သူကြည့်ရာကို သူသည်လည်းကြည့်လိုက်မိသည်။
လရောင်အောက်မှာ ဝတ်စုံအနီဆင်မြန်းထားတဲ့ ရှောင်းသခင်လေးက နတ်ဝင်သည်တွေ ကလေ့ကထရှိတဲ့အကတစ်မျိုးကို ကြိုးစားပြီးသင်ယူနေတာကိုတွေ့လိုက်ရသည်။
''ရှောင်းသခင်လေးက...စိတ်ရင်းကောင်းမယ့်ပုံဘဲ....သူနဲ့စကားပြောကြည့်ပါလား ဝမ်ကျယ်''
ညီဖြစ်သူက သူ့ဘက်ကိုလှည့်လာကာ မမှိတ်မသုန်ကြည့်ရင်း တည်ငြိမ်သောအသံဖြင့်စကားဆိုလာခဲ့သည်။
''ဘာလို့....ကျွန်တော်နဲ့လက်ထပ်ပေးစေချင်တာလဲ အစ်ကို ''
ဝမ်ဟိုက်ခွမ်းက ညီဖြစ်သူကိုအကြည့်လွှဲကာ ရှောင်းသခင်လေးဆီပြန်ပြီးအကြည့်ပို့ရင်း ပြန်ဖြေလိုက်တယ်။
''ဝမ်ကျယ်....ရှောင်းသခင်လေးကို သဘောကျတယ်မလား ''
ဝမ်ရိပေါ်ရဲ့နားရွက်ဖျားတွေက ချက်ချင်းနီရဲသွားခဲ့သည်။
''အစ်ကို....အထင်မှားနေပြီ ''
''ကောင်းပါပြီ....ဒါဆိုလည်း လက်ထပ်ပွဲကိုဖျက်လိုက်ကြတာပေါ့ ''
ဝမ်ရိပေါ်ရဲ့လက်သီးတို့က အနည်းငယ်ဆုတ်သွားတာကို ဝမ်ဟိုက်ခွမ်းကမြင်ဖြစ်အောင် မြင်လိုက်ပါသေးသည်။
YOU ARE READING
Faith