အိမ်ခေါင်မိုးပေါ်တက်ကာ တစ်အိမ်လုံးနှင့်စကားမပြောတဲ့ရှောင်းကျန့်ကြောင့် အကြီးအကဲရှောင်းမှာဇနီးဖြစ်သူရဲ့ ဆူပူကြိမ်းမောင်းမှုကိုခံနေရသည်။ 15 နှစ်သာရှိသေးသည့်သားဖြစ်သူကို သူအနေနဲ့လည်းယောကျာ်းတစ်ယောက်နှင့်လက်ထပ်ပေးဖို့ဆန္ဒမရှိပေ။
သို့သော်ငြားလည်း ကွယ်လွယ်သူဖခင်ကြီးရဲ့ကတိစကားအပြင် မျိုးနွယ်စုတစ်ခုလုံးရဲ့ဂုဏ်သိက္ခာနဲ့သက်ဆိုင်နေတဲ့ကိစ္စမို့ လက်ထပ်မှုကိုငြင်းပယ်ရန် လွန်စွာ ခဲယဉ်းလှတဲ့ကိစ္စတစ်ခုဖြစ်လာတော့သည်။
''ကျန့်ကျန့်ကို ရှင်မို့လို့ယောကျာ်းတစ်ယောက်နဲ့ပေးစားဖို့တွေးရဲတယ်....အခုဘယ်လိုလုပ်မလဲ ကလေးကပြန်ရောက်ကတည်းကဘယ်သူနဲ့မှစကားမပြောတော့ဘူး''
ဒါတော့မှန်ပါသည်။ မနေ့ကညနေစောင်းမှာ မျိုးနွယ်စုတွေရှိတဲ့ရွာကိုပြန်ရောက်ကတည်းက အားကျန့်က
အိမ်ခေါင်မိုးပေါ်ကို ဘယ်ကနေဘယ်လိုတက်သွားမှန်းမသိအောင်တက်သွားပြီး ယခုမနက်အထိပင်ပြန်ဆင်း၍မလာသေးပေ။''ကျုပ်လည်း ကျန့်ကျန့်ရဲ့ဖအေတစ်ယောက်ပါ ရှင်မရယ်....ကိုယ့်ရဲ့အဖိုးတန်သားကို တစ်ခြားမိသားစုရဲ့သားနဲ့ဘယ်လိုလက်ဆက်ပေးချင်မှာလဲ....ဒါပေမယ့်.....''
အကြီးအကဲရှောင်းက သက်ပြင်းကိုရှည်လျားစွာချကာမှိုင်တွေနေခဲ့တော့သည်။
''အို...လက်ထပ်ပေးမယ့်အကြောင်းကို ဟိုဘက်မိသားစုတွေက မေ့လောက်ပါရောမယ်.... ရှင် မဆက်သွယ်ဘဲ ဒီအတိုင်းနေမြဲအတိုင်းနေလိုက်ပါ...တစ်ကယ်လို့သူတို့မိသားစုဆက်သွယ်လာမှ တစ်မျိုးတစ်ဖုံကြံစည်ကြတာပေါ့ရှင် ''
အကြီးအကဲရှောင်းမှာ ဇနီးဖြစ်သူရဲ့စကားကို လက်ခံရန်သာတွေးတောလိုက်သည်။
''ရှင်မ... အကြံတိုင်းလုပ်ကြတာပေါ့.... အခုတော့အိမ်ခေါင်မိုးပေါ်မှာကောက်ချိတ်နေတဲ့ ရှောင်းသခင်လေးကိုအောက်ကိုဆင်းခဲ့ဖို့ ပြောရမယ်''
အကြီးအကဲရှောင်းက ဝတ်ဆင်ထားတဲ့တရုတ်ရိုးရာဝတ်ရုံလက်မောင်းတို့ကိုခါယမ်းကာ အိမ်အပြင်သို့ထွက်၍ အိမ်ခေါင်မိုးပေါ်မော့ကြည့်လိုက်သည်။
YOU ARE READING
Faith