(စာကြည့်တိုက်သွားပြီးအိပ်မဲ့အချိန်တွေဖဲ့ပြီးရေးပေးထားတာ ရေးရကျိုးနပ်အောင် မန့်လေးတွေရောရေးသွားကြပါရှင်း😾💙)
.......
" ဒုဂိုဏ်းချုပ်... အကျဉ်းခန်းထဲကသွမ့်ယွီကိုတစ်ယောက်ယောက်သတ်သွားပြီ "
ချီကျွင်းအကြီးအကဲ၏စကားက ဘာကိုဆိုလိုမှန်းသဘောပေါက်ဖို့ ကျော်ယိချန်အချိန်အတန်ကြာယူလိုက်ရသည်။ သွမ့်ယွီကအသတ်ခံလိုက်ရတယ်ဆိုတာက ဘာကိုဆိုလိုပါသနည်း။ ဒါဆိုသွမ့်ယွီပြောတာအမှန်တွေပေါ့။ တကယ်ပဲချင်းဖုန်းဂိုဏ်းရဲ့လက်ချက်မဟုတ်ဘူးပေါ့။ ဘာတွေဖြစ်ကုန်တာလဲ ကျော်ယိချန်လိုက်မမှီတော့ပါ။
" ဘာတွေဖြစ်ကုန်တာလဲ ရှောင်ကျော်.... "
လီလွင်ကသူ့ဘေးနားလာရပ်ကာ ပုခုံးပေါ်လက်တင်လာသည်။ သူ့လက်ထဲမှာ ရှစ်ရှုန်းရဲ့ဟန်ရှင်းကိုဆုပ်ကိုင်လို့ထား၏။ ဓားရိုးကိုတင်းကျပ်နေအောင်ဆုပ်ကိုင်ထားလို့ လက်ဆစ်တွေတောင်ဖြူလို့နေပြီး သွေးကြောများက ပြိုင်းထလို့နေသည်။
" သွမ့်ယွီလက်ချက်မဟုတ်ရင် ရှစ်ရှုန်းကိုထိခိုက်အောင်လုပ်တာဘယ်သူလဲ... ကျွန်တော်မစဉ်းစားတတ်တော့ဘူး လီလွင် "
ကျန်းနန်မှာရှိတဲ့နေရာအစုံဂိုဏ်းပေါင်းများစွာက တောင်သခင်ကျူးယန့်ဆိုလျှင် ချစ်ကြောက်ရိုသေကြသည်။ ကျောက်ယွမ်ကျိုးကအခုမှ ၃၂နှစ်သာ ရှိသေးပေမဲ့ ဂိုဏ်းချုပ်တစ်ယောက်မှာရှိသင့်တဲ့အရည်အချင်းထက်သာလွန်တဲ့ လုပ်နိုင်စွမ်းအပြည့်နဲ့သူ။ ပါးစပ်ကထုတ်ပြီးမကြေငြာပေမဲ့ ကျန်းနန်မှာအာဏာရှိတဲ့ပုဂ္ဂိုလ်ဆိုတာ လူတိုင်းသိသည်။
နောက်ပြီးကျောက်ယွမ်ကျိုးက အဲ့ဒီအာဏာဆိုတဲ့အရာကိုလည်း သဘောကျလှတဲ့သူမဟုတ်။ လူတိုင်းတန်းတူညီမျှအခွင့်အရေးပေးပြီး သိုင်းလောကကြီးငြိမ်းချမ်းဖို့ရှေးရှုတတ်တဲ့ ကရုဏာတရားတွေပဲရင်ထဲထည့်ထားတတ်တဲ့ သူတစ်ယောက်ဖြစ်သည်။ အဲ့ဒီအချက်ကပဲ သိုင်းလောကကိုခြယ်လှယ်ချင်တဲ့သူတွေကို တားဆီးထားတဲ့ မဟာတံတိုင်းကြီးလိုဖြစ်နေခဲ့ခြင်းသာ။
YOU ARE READING
Blades of Destiny
Fanfiction[မိုးမြေတစ်ခွင်မှာ စည်းမျဉ်းပေါင်းသောင်းခြောက်ထောင်ရှိနေလည်း တစ်ခုလေးတောင်လိုက်နာမနေချင်ဘူး.... ကံကြမ္မာကိုကောင်းကင်ဘုံကသတ်မှတ်တယ်ဆိုရင်လည်း မင်းအတွက်ကောင်းကင်ဘုံကိုပါ စစ်ခင်းပစ်လိုက်မယ်] လီလွင်×ကျူးယန့် Fangs of Fortune Myanmar fanfiction in a Jian...