7.10.2024
ဟီအဲအထက်တန်းနောက်ဆုံးနှစ်
ခါအီတက္ကသိုလ်ဒုတိယနှစ်'ဟီအဲ ဟီအဲ....ထတော့ကျောင်းနောက်ကျတော့မယ် အောက်မှာ လီယာနူနားစောင့်နေတယ်...'(ခါအီ)
ဟီအဲတစ်ယောက်အိပ်ယာကနေနိုးထလာခဲ့တယ်သူမမနေ့ညကမက်တဲ့ထူးဆန်းတဲ့အိမ်မက်အကြောင်းကိုပဲပြန်တွေးနေခဲ့တယ်......
'ဟီအဲ မပြီးသေးဘူးလားမြန်မြန်လုပ် လီယာနူနားစောင့်နေတယ်...'
'လာပြီအိုပါး ပြီးပြီ...'
ဟီအဲတစ်ယောက်ကျောင်းအတွက်ပြင်ဆင်ကာထွက်လာခဲ့တယ်.....
........
လီယာဟာခါအီရဲ့တက္ကသိုလ်ဆီကိုအရင်ဆုံးဝင်ပို့ပေးခဲ့တယ်...'အိုပါးသွားပြီနော် ဟီအဲ...'
'နဲလ် အိုပါး....'
ပြီးတော့မှဟီအဲရဲ့ကျောင်းကိုဝင်ပို့ခဲ့တယ်....
.......
ဟီအဲတစ်ယောက်စာသင်ခန်းထဲမှာပျင်းရိစွာထိုင်နေတဲ့ချိန်...ရုတ်တရက်
ပတ်ဝန်းကျင်ဟာထူးဆန်းစွာပြောင်းလဲသွားတယ်....
ဘေးပတ်ပတ်လည်မှာသူမရဲ့သူငယ်ချင်းတွေကိုလည်းမတွေ့ရတော့သလို...
စာသင်နေတဲ့ဆရာကိုလည်းမတွေ့ရတော့ဘူး...
စာသင်ခန်းထဲမှာလည်းသူမတစ်ယောက်ထဲပဲရှိတော့တယ်...
ဟီအဲတစ်ယောက်ထဲသာကျန်ခဲ့တယ်...
သူမဟာထိုနေရာကနေထလိုက်ပြီးကော်ရစ်ဒါဆီကိုလျှောက်လှမ်းသွားခဲ့တယ်...
ဒါပေမဲ့ကော်ရစ်ဒါမှာလည်းဘယ်သူမှရှိမနေခဲ့ဘူး...
အရာအားလုံးစာတိတ်ဆိတ်နေခဲ့တယ်....
'ဟလို....ဘယ်သူရှိလဲ'
'ဟလို...'
ဟီအဲတစ်ယောက်အသံပေးနေခဲ့ပေမဲ့ဘယ်သူမှသူမအော်တာကိုပြန်မထူးခဲ့ဘူး....
သူမဟာဆက်သွားရင်းနဲ့တစ်နေရာအရောက်မှာ....
'အဟင့်...အဟင့်'
ငိုသံသဲ့သဲ့လေးကိုကြားလိုက်ရတယ်....'ဟလို ဘယ်သူရှိလဲ...တစ်ယောက်ယောက်ရှိလား'
သူမာဟာလော့ကာနားလေးကနေကောင်မလေးတစ်ယောက်ထိုင်နေတာကိုတွေ့လိုက်ရတယ်.....
YOU ARE READING
Different time in the same place
Fantasyထူးဆန်းတယ်.... အရာအားလုံးဟာထူးဆန်းနေတယ်.... အနားကလူတေလည်းမရှိတော့ဘူး.... ဘယ်ရောက်သွားတာလဲ.... အဲ့နေ့ကထိုကောင်မလေးနဲ့စတွေ့ခဲ့ရတယ် သူမကိုအပြင်မှာတွေ့တိုင်းသူမနဲ့ဆက်သွယ်ဖို့ကြိုးစားပေမဲ့ကျောင်းကသာငါတို့နှစ်ယောက်ရဲ့ဆက်နွယ်မှုဖြစ်နေခဲ့တယ်.... သူမကအတိတ်ကလ...