အပိုင်း (၃၁၀)
"အိုင်းယား__"
လင်ရှီးမှာ သူမ ဘယ်အစိတ်အပိုင်းကိုတက်ထိုင်လိုက်မိမှန်း မသိပါချေ။
နောက်တစ်ကြိမ်ထလိုက်ချင်သော်လည်း သူ့အပေါ်သို့သာ ပြန်ကျလာပြန်၏၊ သူမ ထိုသို့ မထိတထိလုပ်နေသည်ကို ဘယ်သူက ခံနိုင်မည်နည်း၊ ထို့အပြင် ရွှီယိကျစ်က အပေါ်ကုတ်ကိုပင် ချွတ်ထားသေးသည်၊ အတွင်းအကျီများကလည်း ပါးလေသည်။
"အင်းး~"
ရွှီယိကျစ်ထံမှ အသံထွက်လာသည်ကိုကြားသောအခါ လင်ရှီး စိတ်မကောင်းဖြစ်ရပြန်သည်၊ သူ့ခန္ဓာကိုယ်က နေလို့မကောင်းဟု သူမ ထင်သွား၏။
"ယိကျစ် အဲ့တုန်းက အရိုးထိသွားတာလား။"
လင်ရှီးက နောက်ထပ်တဖန် သူ့ကိုယ်ပေါ်တက်လာပြန်ကာ ရွှီယိကျစ်မျက်နှာအရောင်ကလည်း ပို၍ပြောင်းသွားလေသည်၊ ယခုက ညနက်ကြီးဖြစ်နေ၍ သူ့မျက်နှာကို ရှင်းရှင်းလင်းလင်းမမြင်ရ၍သာ။
သို့သော် သူ့မျက်ဝန်းများထဲတွင်တော့ သားရဲဝံပုလွေလိုအလင်းတစ်စ ဖြတ်ပြေးသွား၏၊ လင်ရှီးက သူ့ကို ထပ်စိတ်မဆွရန် မျှော်လင့်မိ၏၊ သူက မုဆိုးတစ်ယောက်ပင်ဖြစ်သောကြောင့်။
လင်ရှီးအား သူ့ကိုယ်ထဲ ထည့်ထားချင်သည့်နှယ် သူမခါးလေးကို ဖက်လျက် သူမနားနားသို့ ခေါင်းတိုးကာ ညင်ညင်သာသာလေး ပြောလိုက်၏။
"တောင်းပန်ပါတယ်၊ ကိုယ် ချီကျင့်ယွီယောင်မဆောင်သင့်မှန်း သိပါတယ်၊ ဒါပေမယ့် ကိုယ်မင်းကို စိတ်ပူတယ်၊ မင်းက နှစ်လကြီးတောင်သွားမှာဆိုတော့ ကိုယ်မင်းကို တအားလွမ်းနေရမှာလေ။"
ရွှီယိကျစ်အသံကိုကြားသော် လင်ရှီး သူ့ကို ဘယ်မှာအပ့စ်တင်နိုင်တော့မလဲ။
သူမ လက်နှစ်ဖက်ကို ရွှီယိကျစ်လည်တိုင်တွင်ချိတ်လိုက်ရင်း သူ့ခန္ဓာကိုယ်အပူချိန်ကို ခံစားမိ၏။
"ရွှီယိကျစ် ရှင်သိပ်တုံးတာပဲ။"
လင်ရှီး သူ့ကိုစိတ်ဆိုးမည်မဟုတ်ကြောင်း ရွှီယိကျစ် သိ၏၊ သို့နှင့် သူ့နှုတ်ခမ်းစွန်းများက ပိုမြင့်တက်လာပြီး သူမနောက် လိုက်ပြော၏။