Volume 1 (သေမျိုးနယ်မြေ ၀၂၇)
Chapter 27 (အကြည့်)
ဝေါ… ဝေါ… ဝေါ…
မိုးက ရွာသွန်းနေသည်။
ကျောက်ခုန်းချိန်သည် သူ့လက်ထဲတွင် ဓားဖြောင့်တစ်ချောင်းကို ကိုင်ထားရင်း သူ၏အနီရင့်ရောင်ဝတ်ရုံမှာ စိုစွတ်နေပြီး သွေးများ ဖုံးလွှမ်းသွားသွားသည်။
သို့သော် သူ့မျက်လုံးများက ကြယ်တွေလို တောက်ပနေသည်။
ဒါ… ဒါက တားမြစ်အပျက်အစီးလား။
မိုက်တယ်။
သောက်ရမ်းမိုက်တယ်။
ဆန့်ကျင်ဘက်လက် တစ္ဆေမျက်နှာဘုရင်သည် သူ၏ဗလာဖြစ်နေသာ ညာလက်ကို အံ့အားသင့်စွာ ကြည့်လိုက်ရာ ဖြူဖျော့ရှုံ့မဲ့နေသော မျက်နှာက ထိတ်လန့်သွားပုံရသည်။
အခုလေးတင် တစ်ဖက်သတ် ဖျက်ဆီးခံနေရသော ကြွက်သည် အဘယ်ကြောင့် ဤမှအစွမ်းထက်သော စွမ်းအားကို တခဏချင်း ထုတ်လွှတ်နိုင်သလဲဆိုတာကို သူ နားမလည်နိုင်ပေ။
သို့သော် သူသည် လုံလောက်အောင် ဉာဏ်ရည်မထက်မြက်သလို… သူမှာ အချိန်လည်း မရှိပေ။
ကျောက်ခုန်းချိန်က လှုပ်ရှားလိုက်သည်။
ဝိညာဉ်ဆွဲထုတ်ခြင်း၏ ဆေးစွမ်းအားအောက်တွင် သူ၏ခန္ဓာကိုယ်သည် ဒဏ်ရာအားလုံးကို မေ့ပျောက်ပြီး အကောင်းဆုံးအခြေအနေသို့ ပြန်ရောက်သွားခဲ့သည်။ သူသည် လေးကြိုးမှ ပစ်ခတ်လိုက်သော မြားတစ်စင်းလို တစ္ဆေမျက်နှာဘုရင်ဆီသို့ ပျံသန်းသွားခဲ့သည်။
"ဟူး… ဟူး… ဟူး… ဟူး…"
တစ္ဆေမျက်နှာဘုရင်၏ မျက်လုံးများနီရဲနေပြီး သူ၏ညာလက်ကိုဆုံးရှုံးသွားကာ ဒေါသူပုန်ထသော အခြေအနေသို့ လုံးလုံးလျားလျား ကျသွားသည်။
သူ၏ ကြွက်သားများ ဖောင်းပွလာပြီး တစ်ကိုယ်လုံး ဖောင်းကားလာကာ ခြေထောက်များ ကွေးသွားပြီး သူ၏ခန္ဓာကိုယ်ကြီးသည် ရုတ်တရက် ခုန်တက်လာကာ ရေအမြောက်အမြား စင်သွားခဲ့သည်။
လေထုအလယ်တွင် အသွင်အပြင်နှစ်ခုက အရှိန်အဟုန်ပြင်းပြင်းနှင့် တိုက်မိသွားသည်။