... အခုတစ်ခါ ပြန်လည် တွေ့ဆုံမှုက
ရင်းနှီးမှုတွေ ပျောက်ဆုံးသွားသလို...
ကိုယ်နဲ့ ပတ်သတ်ဖူးခဲ့တဲ့ အတိတ်က
သူ့ မေ့ပျောက်မှုထဲ ...
ပျော်ဝင်သွားခဲ့တာမျိုး...။****
ယခင်အပိုင်းမှ အဆက်...
>>> 📱
"ဟယ်လို... အစ်ကိုကြီး..."
ရာဇာ့အသံကတော့ စိတ်လှုပ်ရှားဟန်ဖြင့် အနည်းငယ် တုန်ခါနေပြီး...
"အေး... ဘာကိစ္စရှိလို့လဲ..."
"...သူ... သူ့ကို ရှာတွေ့ပြီတဲ့ အစ်ကိုကြီး..."
ထိုစကားသံ...
ထိုစကားသံရဲ့ နောက်ဆုံးမှာတော့...ကိုယ် ဒီ ကုန်လွန်ခဲ့တဲ့ ငါးနှစ်လုံး ရှာခဲ့သည့် တစ်ဦးတစ်ယောက်က နောက်ဆုံးတော့ အသက်ရှင်သန် ရှိနေတာမျိုးတဲ့။
တော်ပါသေးသည်...
ကိုယ် မြတ်နိူးစရာ အကောင်အထည်က ကျန်နေသေးသည်ကိုး...။သူဆိုတာနဲ့ အမည်နာမကိုတောင် မသိဘဲ... ချက်ချင်း ကိုယ့်စိတ်ထဲ တိုးဝင်လာသည်က ငွေမှင်ရောင် ဆံပင်ရှည်လေးများကို စီးနှောင်ထားသည့် မျက်ဆံ မျက်အိမ် အစိမ်းနဲ့သူပင် ဖြစ်သည်။
အစကတော့ မျှော်လင့်ချက်မဲ့စွာ စမ်းတဝါးဝါး ဖြစ်ခဲ့ပေမယ့် အခုတော့ အခိုင်အမာ ယုံကြည်ချက် ရှိနေလေပြီ...။
သူရှိနေတာ သေချာပြီဆိုတော့ ထား... အဓိက က အခု မြန်မာပြည်ကို ပြန်ပြီး သူ့ကို ပြန်လည်တွေ့ရှိပြီး ကာကွယ်နိုင်ဖို့က အရေးကြီးသည်မို့...။
"အစ်ကိုကြီး... အစ်ကိုကြီး! !"
တစ်ဖက်က အခုထက်ထိ ဖုန်းမချသေးဘဲ ရှိနေသည့် ရာဇာကတော့ ဒီဘက်က စကားသံ မကြားရမချင်း ခေါ်ကာ ဖုန်းကို မချသေး...။ နောက်ဆုံးတော့ လုပ်ချင်တာနဲ့ လုပ်မယ့်ဟာက တစ်ထပ်တည်း ကျသွားစဥ်မှာတော့...
"အေး... သူ့ကို စောင့်ကြည့်ထားလိုက်... ငါ အလုပ်ပြီးတာနဲ့ ချက်ချင်း လာခဲ့မယ်။"
"ဟုတ်ကဲ့ အစ်ကိုကြီး..."
ဟိုဘက်က ရာဇာ့အသံကို ကြားပြီးသည့်နောက်မှာတော့ မြန်မာနိုင်ငံသို့...
အစတုန်းကတော့ မြန်မာနိုင်ငံမှာ ရည်ရွယ်ချက်မရှိ... စမ်းတဝါးဝါးနဲ့ လာဖို့ စဥ်းစားခဲ့ပေမယ့် အခုတော့ဖြင့်... ရည်ရွယ်ချက်က အပြည့်အဝ ရှိနေခဲ့ပြီမို့...။