ရာဇာ နှင့် ပေါင်ပေါင်ကို ကြည့်နေသော ကျောင်းသားကျောင်းသူများ ကလည်းရှိသည်။အထင်အမြင်အမျိုးမျိုးပေးကြသည်။ တချို့က shipကြသည်။ တချို့ကျ အသဲကွဲနေကြသည်။ တချို့ကြ မဟာကိန်းရှင်သွင် အဖြောင့်ပါလို့ ပြောကြသည်။
ဒီအခြေအနေကို ကြည့်နေသော ဥက္ကာ၊သုတ၊ သက်တံတို့ကလည်း ကွယ်ရာမှာလှမ်းရှိုးနေကြသည်။
ရာဇာ ကျောင်းအုပ်ကြီးရုံးခန်းထဲသွားတော့ အံ့ဩစရာတစ်ခုကိုတွေ့လိုက်ရသည်။ ပေါင်ပေါင်၏ကျောင်းအုပ်ဆရာကြီးက သူ့ငယ်သူငယ်ချင်းပင်။ပြောမနာဆိုမနာ ဆိုလည်းမမှားပေ။
"ဟေးး ငါ့ကောင်"
"ရာဇာ...."
"အမယ် မင်းက ကျောင်းအုပ်တွေဘာတွေဖြစ်လို့"
"ဘာလာလုပ်တာတုန်း... ငါ့ကျောင်းကို အော် မင်း သား ကိုငါ့ကျောင်းထားမလို့လား...ဘယ်တုန်းက မိန်းမရသွားတာလဲကွ... ကျောင်းတုန်းက ရေခဲတုံးးလို ခက်ထန်မာကျောနေတဲ့ငါ့ကောင်ကို ပန်းသေနေပြီလို့တောင်ထင်နေတာကွ"
"လီးကို ပန်းသေရမှာလားကွ! ဘယ်မိန်းမမှလဲမရှိဘူး။ ဘာ သားမှလဲမရှိဘူး"
"ဒါဆိုဘာလာလုပ်တာလဲ။ မင်း...မင်း..မဟုတ်မှလွဲရော ငါ့ကျောင်းသူတွေထဲက တစ်ယောက်ယောက်နဲ့ရည်းစားဖြစ်နေတာလား..မင်းကွာ. မကြံကောင်းမစီရာ ပါကွာ...မင်းလိုချင်ရင် ငါရှာပေးမှာပေါ့"
(ရာဇာမှာဘာမှတောင်မပြောရသေး...မအေဘေးက သူထင်ရာတွေပဲပြောနေလို့ စိတ်ထဲမှာအကြိမ်ကြိမ်မေတ္တာတွေပို့နေပြီ။ သူပြောမှ ကိုယ်ကပဲ နှာဘူးလိုလို၊ မဒိန်းသမားလိုလို ဖြစ်နေပြီ။)
"မင်းထင်ရာတွေပြောမနေနဲ့.. ငါ့ရဲ့ သွေးမတော်သားမဆက် ကလေးလေး တစ်ယောက် ကြောင့်"
"ဘယ်က ကလေးတုန်းဟ"
(ကျောင်းအုပ်ခဗျာ သူထင်ရာတွေကြီးပဲပြောထားလို့.မောနေတော့ ရှေ့မှာရှိတဲ့ ဖန်ခွက်ထဲက ရေကို အမောပြေသောက်နေတုန်း)
"မဟာကိန်းရှင်သွင်လေ"
အဟွတ်!
"ဘာပြောလိုက်တာလဲ မဟာကိန်းရှင်သွင်က ကလေးတဲ့လား"
YOU ARE READING
တိတ်တဆိတ်အချစ်
Fanfictionကျစ်! မင်း စောက်ချိုးကိုပြင်ထား! ဟင့်~~ (Punishment typeမို့လို့ သဘောကျမှဖတ်ပါနော်)