Chapter: 066 – ဒီဦးနှောက်မရှိသောမိန်းမ-၁ညစာစားချိန်အတွင်း ဂျီမိန် သည် သခင်မကြီး၏ခြံဝင်းသို့ ယနေ့အပြင်ထွက်ခဲ့သည့်အကြောင်းအရာကို သတင်းပို့ခဲ့သည်။ သူမ သည် စကားပြောဖို့ သွားခဲ့သည့်အချိန်ကောင်းလေးများကို ရွေးပြောခဲ့သည်။ သခင်မကြီးမှာလည်း အောင်သွယ်ဖို့ လုပ်နေမှန်း သူမ က သိနေတော့ ပြောလိုက်သည်။ "စန်းယုအစ်ကိုကြီး မှာ အားလပ်ချိန်ရှိရင် စန်းယု ဒီအိမ်တော်ကို လိုက်ပြဖို့ သူ့ကို ဖိတ်လိုက်ပါ့မယ်"
"မင်း က ဥာဏ်ကောင်းတဲ့သူပဲ" သခင်မကြီး က သူ့လက်ကို ပုတ်၍ ဝမ်းသာအားရ ပြုံးလိုက်သည်။ "အထက်တန်းလွှာကြင်ယာတော်မြန့် က မင်း ဒီအရာတွေကို နားမလည်မှာနဲ့ စိတ်ဓာတ်ကျမှာ ကို အမြဲစိတ်ပူနေခဲ့တာ။ အခု မင်းက ကောင်းကောင်းပြုမူလို့ အမေ မင်းကို စိတ်ပူဖို့ မလိုတော့ဘူး။ ရွမ်အာက အကျဉ်းမြောင်းတဲ့လူကို ကြိုက်ကတည်းက ကန်းနေလို့ ဖြစ်ရမယ်"
ထိုစကားတွေထဲ ဒေါသနည်းနည်းသယ်ဆောင်ထားသည်။ ဂျီမိန် က စပ်စုလိုက်သည်။ "ဘာဖြစ်လို့လဲ?"
ဒီနေ့ သူမ အပြင်ထွက်သွားခဲ့တာ အိမ်တော်မှာ ဘာဖြစ်ကျန်ခဲ့သလဲ?
သခင်မကြီး၏မျက်နှာ ပျက်သွားသည်။ သူမ က ပေါ့ပေါ့ပါးပါး နှာခေါင်းရူံ့သည်။ "နေ့လည်ခင်းမှာ လက်ဖက်ရည်သောက်ဖို့ သူမ ငါ့ခြံဝင်းထဲ လာတယ်လေ၊ ငါ သူမရဲ့လက်ဖက်ရည်ကို မသောက်ခဲ့ဘူး။ ငါ အနံ့အသက်ပါတဲ့လက်ဖက်ရည်တွေ မကြိုက်ဘူး။ သူမ ယူလာခဲ့တဲ့ ပန်းလက်ရည်က ငါ မကြိုက်ဆုံး လက်ဖက်ရည်တစ်ခု ဖြစ်နေခဲ့တာ၊ ဒါက ကိစ္စသေးဖြစ်ပေမဲ့ သူမ က ရွမ်အာ ထံ ပြေးသွားပြီး မကျေနပ်ချက်တွေကို အော်ဟစ်ခဲ့တယ်၊ ရွမ်အာ က သူမဘက်မှာ ရှိမယ်လို့ သူမ တွေးခဲ့တယ်၊ သူမ မှာ ခွဲခြမ်းစိတ်ဖြာတွေ၊ စီရင်ဆုံးဖြတ်နိုင်စွမ်းတွေ မရှိဘူး၊ ငါ ရွမ်အာ ကို နှစ်ပေါင်းများစွာ ပြုစုပျိုးထောင်ခဲ့တယ်။ ရိုင်းစိုင်းတဲ့ မိန်းမကို ငါ့ထက် တန်ဖိုးထားမယ်လို့ သူမ ထင်နေတာလား?"
ဂျီမိန် သည် တကယ်ပဲဖြစ်ပျက်ခဲ့သည်ကို ခန့်မှန်းနိုင်သည်။ သခင်မကြီး က ဝမ်ဝမ်ကို သေချာပေါက် ခက်ခဲတဲ့အချိန်တွေကို ပြန်ပေးခဲ့ပြီး ဝမ်ဝမ် မှာ ဖန်နဲ့ပြုလုပ်ထားတဲ့ နှလုံးသားတစ်ခုရှိတယ်။ သူမရဲ့အသည်းက ကွဲရတာဖြစ်လို့ ဇာတ်လိုက်မင်းသားဆီသွားပြီး မျက်ရည်ရွဲရွဲနဲ့သွားတိုင်ခဲ့တယ်။ ဇာတ်လိုက်မင်းသားလည်း အခက်တွေ့သွားလိမ့်မည်။ အဆုံးသတ်တွင် ဒီကိစ္စကို ပြေလည်အောင် မဖြေရှင်းနိုင်ခဲ့ဘူး။
YOU ARE READING
နွေဦးအနောက်ဆောင်ထဲ၌ အိမ်မက်မက်နေသူ။
RomanceAlternative names:Dsb, 春闺梦里人 Author: 白鹭成双 Genre: Historical, Comedy, Josei, Drama, Shoujo, Romance