...............................
ဘေးပတ်ပတ်လည်တွင် သစ်ပင်ကြီးများနှင့်
ချုံနွယ်များ ပြည့်နှက်နေ၍
လမ်းဟူသည်အရာလေးတောင် မတွေ့ရ။
ဟိုအိမ်ကြီးထဲကနေ လွတ်မြောက်လာခဲ့ပေမဲ့
တောထဲကနေတော့ မလွတ်မြောက်သေး။
လွတ်မြောက်မည့်လမ်းလည်း မတွေ့ပါ။
လမ်းစ လမ်းဆုံးမရှိသည့်
တောအလယ်ကောင်ထဲတွင်
ကိုယ့်တစ်ယောက်တည်း
ယောင်ချာချာဖြစ်နေ၏။ဝုန်းး!!!!
"နောက်ထပ်ပြန်"
အဆက်မပြတ် ထွက်ပေါ်နေသော
ပေါက်ကွဲသံများဟာ ကိုရှိန်ထက်
အိမ်ကြီးဘက်မှ လာသည့်အသံ။
အိမ်ကြီးနှင့်ဝေးရာသို့ လျှောက်လာခဲ့သည်မို့
အိမ်ကြီးကို လှမ်းကြည့်လျှင် မမြင်ရတော့ပေ။
မိုးပေါ် လှိုက်တက်နေသော
မီးခိုးငွေ့များကိုသာ မော့မော့ကြည့်နေရ၏။မီးခိုးငွေ့မှောင်မှောင်များကြားကနေ
မီးအလုံးလိုက် မိုးပေါ်တက်နေတာ။
ပေါက်ကွဲမှုက အကြီးစားဖြစ်မည်။
အိမ်ကြီးထဲမှာ လူအများကြီး
ကျန်ရှိနေသေးသည်။
ဒုက္ခပါပဲ သူတို့ အဆင်မှပြေကြရဲ့လားမသိ။
အန်နီ ကိုရှိန်ထက် ခေတ်ဟောင်း
တစ်ခုခုမဖြစ်ကြပါစေနဲ့။စိုးရိမ်စိတ်ကြောင့် တိမ်ယံ ရပ်နေရာမှ
နောက်ပြန်လှည့်လိုက်ပြီး
လျှောက်လာခဲ့သည့်လမ်းအတိုင်း
ပြန်သွားရန် ပြင်သည်။ ဘုမသိဘမသိ
လျှောက်လာခဲ့မိသည့်လမ်းက
အသစ်တဖန်အတိုင်း လမ်းပြန်ပိတ်သွား၍
လမ်းကြောင်းတည့်တည့်မှာရှိသော
ချုံနွယ်များကို လက်နှင့် အလောတကြီး
ဆွဲဖယ်လျက် အရှေ့သို့ တဇွတ်ထိုးသွား၏။လမ်းတစ်လျှောက်လုံးမှာရှိသည့်
နွယ်ပင်ကြီးများနှင့် ပွတ်တိုက်သွား၍
တိမ်ယံ ခန္ဓာကိုယ်ပေါ်က အင်္ကျီနှင့်
ဘောင်းဘီ စုတ်ပြဲကုန်ပြီ။
တောရိုင်းအပင်ပေါက်များကြားကနေ
တိုးဝှေ့ သွားနေသော
ခြေချင်းဝတ်တို့မှာလည်း
ပြတ်ရှဒဏ်ရာ တစ်သီကြီးဖြင့်
စပ်ဖျဥ်းဖျဥ်း ဖြစ်နေ၏။ ဒါပေမဲ့
တိမ်ယံ ဂရုမစိုက်ဘဲ အရှေ့သို့
ဆက်လျှောက်သည်။ချုံနွယ်တအားထူးပိန်းသည့်တောဖြစ်၍
လျှောက်ခဲ့ပြီးသား လမ်းကိုပင် မမှတ်မိတော့။
နွယ်များကလည်း တစ်ကိုယ်လုံးကို
ရစ်ပတ်ထားသလို လာငြိတွယ်နေသည်။
သွားနေရင်းနှင့်ပင် နွယ်ပင်နှင့်လုံးပြီး
လှုပ်မရဖြစ်သွားလေသည်။
လိုရာလမ်းအတိုင်း ဆက်လျှောက်၍
မရတော့ဘဲ ချုံနွယ်နှင့်
ရုန်းရင်းဆန်ခတ် ဖြစ်သွားသည်။
YOU ARE READING
I Hate You
FantasyWarning: 18 ABO worldကို အခြေခံရေးသားထားပါသည်။ စိတ်ကူးယဉ် ficလေးမို့ အပြင်လောကနှင့် များစွာ ကွာခြားနိုင်ပါသည်။