17

3.1K 40 1
                                    

°°°သူမ°°°
              အပိုင်း(၁၇)

အတိတ်တို့မည်သည်……………

"ထိပ်ထားကတော့ လုံးဝငြင်းမပေးနိုင်ဘူး
ကိုကို"

"ထိပ်ထားရယ် ညီမလေးက လိမ်မာပါတယ်
ကိုကို့မှာချစ်သူရှိတာသိရက်သားနဲ့ကွာ
ဖေဖေတို့မေမေတို့က ထိပ်ထားငြင်းရင်လက်ခံမှာပါ"

"ဘာလို့ထိပ်ထားနဲ့လက်မထပ်ချင်တာလဲ ကိုကို
ထိပ်ထားကိုမချစ်ဘူးလား"

"ချစ်တာပေါ့ထိပ်ထားရယ်
ထိပ်ထားကိုကို့အတွက် ညီမလေးပဲဟာ"

"တော်ပြီကိုကို ဘာမှဆက်မပြောနဲ့တော့
ထိပ်ထားဘက်က အပျက်ပြောပြီးသားမို့
ထပ်ပြီးမတောင်းဆိုပါနဲ့
ကိုကိုရဲ့ဘာမဟုတ်တဲ့ချစ်သူကိုလဲ မေ့လိုက်
မဟုတ်ရင် သူ့ကိုဒုက္ခရောက်သွားအောင်
ထိပ်ထားလုပ်ပစ်မှာနော်"

"ထိပ်ထားရယ် ဘာလို့အဲ့လိုအတွေးမျိုးဝင်ရတာလဲကွာ ကိုကို့ညီမလေးက စိတ်ထားနူးညံ့ရဲ့သားနဲ့ သူများတစ်ဖက်သားကို အဲ့လိုမလုပ်တာ ကိုကိုသိတယ်"

"တခြားအရာတွေနဲ့ ထိပ်ထားနူးညံ့ချင် နူးညံ့လိမ့်မယ်ကိုကို……ကိုကိုနဲ့ပတ်သက်ရင်တော့ ထိပ်ထားမနူးညံ့နိုင်ဘူး ကိုကိုအဲ့ဒီ ယဉ်ယဉ်ငြိမ်းစီသွားနေအုံးမယ်ဆိုရင် အန်ကယ်တို့ကိုပြန်တိုင်
ပြီး သူ့ဘဝပျက်စီးသွားအောင်လုပ်ပစ်မှာ"

"ကိုကိုကယဉ်ငြိမ်းနဲ့လမ်းခွဲပြီး ထိပ်ထားကို
လက်ထပ်လိုက်တာနဲ့ထိပ်ထားပျော်မယ်ထင်လို့လား"

"အပျော်ဆိုတာ ထိပ်ထားဖန်တီးယူလို့ရတယ်ဆိုတာ ကိုကိုမမေ့နဲ့ ကိုကိုတောင် မကြာခင်
ထိပ်ထားလက်ထဲရောက်တော့မဲ့ဟာ
ပျော်ရွှင်မှုလောက်တော့ ထိပ်ထားစာမဖွဲ့ဘူး"

"ကိုကိုကထိပ်ထားကို ညီမလေးတစ်ယောက်လိုပဲချစ်တာ ထိပ်ထားသိသိကြီးနဲ့ မရူးမိုက်စမ်းနဲ့
ကိုကိုချစ်တာ ယဉ်ငြိမ်းကိုပဲ သူကကိုကို့လက်တွဲဖော်"

"မပြောနဲ့ကိုကို အဲ့ဒီမိန်းမကို သိပ်ချစ်ကြောင်းထပ်မပြောနဲ့ စောင့်ကြည့်စမ်းပါကိုကို
လက်ထပ်ပြီးတာနဲ့ ကိုကို ထိပ်ထားကို
ချစ်ကိုချစ်ရမယ်"

👑 သူမ 👑 [Completed]Where stories live. Discover now