Chapter 86

575 71 0
                                    

အခန်း ၈၆ တစ်ရိပ်ရိပ်လှိုင်း အပိုင်း (၂)

ချုံယွဲ့မြို့တော်၏ဆောင်းရာသီကို အေးမြသည်ဟု မယူဆနိုင်သော်လည်း တစ်နှစ်ပတ်လုံး နွေဦးရာသီကဲ့သို့ ‌နွေးထွေးနေတက်သော ဟောင်ယွဲ့နှင့် ယှဉ်လျှင်တော့ ချုံယွဲ့က များစွာ ပိုအေးနေသည်ဟု ပြောနိုင်သည်။ နောက်ဆုံးတွင် ယနေ့ နေ့လည်၌ နေထွက်လာသောကြောင့် ချင်းဖုန့်က ကလေးလေးကို ရေချိုးပေးရန် စီစဉ်နေခဲ့သည်။ ကလေး အအေးမိမည်ကို စိုးရိမ်သောကြောင့် နန်းဆောင်တစ်ခုလုံးမှ လူများအားလုံး အလုပ်ရှုပ်နေကြပြီး အနွေးမီးဖို ပြင်ဆင်သူ၊ ရေနွေးကျိုသူ စသည်ဖြင့် ပျာယာခတ်နေကြသည်။ လှုပ်ရှားမှုများ ပြီးဆုံးသွားနောက်တွင် ကောင်လေးက ရေချိုးပြီးသွားပြီဖြစ်ကာ ချင်းဖုန့်၏ရင်ခွင်ထဲတွင် သက်တောင့်သက်သာ လဲလျောင်နေခဲ့သည်။ သူ့မျက်လုံးလေးများက မှေးစဥ်းနေသော်လည်း ရူရီက သူ့ကို ကြည့်နေသည်ကို မြင်သောအခါ ကောင်လေးက မဆိုင်းမတွ ရက်ရက်ရောရော ပြုံးပြလာခဲ့သည်။

ရူရီ ဝမ်းသာအားရဖြင့် "မယ်မယ်၊ မင်းသားလေးက ပြုံးနေတယ်!"

ကြမ်းပြင်တပြင်လုံးတွင် ပြန့်ကျဲနေသော ရေများနှင့် လဲထားတဲ့ အနှီးများစွာကို တစ်ချက်ကြည့်လိုက်ပြီး ချင်းဖုန့်က သဘောကျနေသည့် အပြုံးလေးဖြင့် ကြိမ်းမောင်းလိုက်သည်။ "ဟုတ်တယ်၊ သူကတော့ ရယ်နေတာပေါ့၊ လူတိုင်းကတော့ အလုပ်ရှုပ်လွန်းလို့ ခြေထောက်တွေတောင် ခွေကျတော့မယ်"

ချင်းဖုန့်က ပြောနေရင်းဖြင့် ကလေးလေး၏နှာခေါင်းထိပ်လေးကို သူမ၏လက်ဖြင့် လှမ်းတို့လိုက်ရာ ကလေးလေး၏ သူ့၏ခေါင်းလေးကို ဘေးဘက်ကို လှည့်ပြီး သူ့အမေ၏လက်ကို ရှောင်လိုက်သောကြောင့် ချင်းဖုန့်က ရယ်မောလိုက်ပြန်သည်။ ချင်းဖုန့်က စိတ်အခြေအနေကောင်းနေသောကြောင့် ကုတင်ဘေးတွက် ဝပ်တွားခစားနေသော ရူရီက ပေါ့ပေါ့ပါးပါး စကားစပြောလေတော့သည်။ သူမက ကုတင်ဘေးတွင် ငုတ်တုတ်ထိုင်နေရင်း "မင်းသားငယ်လေးက နှစ်ရက်အတွင်း တစ်လပြည့်ပွဲရောက်တော့မယ်၊ ဧကရာဇ်မင်းမြတ်က မင်းသားလေးကို ဘွဲ့အမည်ပေးအပ်တော့မယ်လို့ ဒီအစေခံ တွေးမိပါတယ်။ ဧကရာဇ်မင်းမြတ်က မင်းသားလေးအတွက် ဘယ်လိုနာမည်မျိုးကို ရွေးမှာလဲလို့ ဒီအစေခံ သိချင်နေမိတယ်၊ အကောင်းဆုံးကတော့....."

တော်ဝင်မောင်းမဆောင်မှ ဝိုးတဝါး သံသယများWhere stories live. Discover now