သူတို့လက်ထက်ပြီးလို့၆လလောက်အကြာမှာ ဆောင်းဟွန်းညီဝမ်းကွဲဟာ လက်ထက်ပွဲကို ခြိမ့်ခြိမ်သဲသဲ ကျင်းပခဲ့ကြတယ် ဒီလက်ထက်ပွဲကို ဂျယ်ယွန်းယောကျာ်းဆောင်းဟွန်းအပါအဝင် တစ်ဆွေလုံး တစ်မျိုးလုံးကပါဂျယ်ယွန်းကိုခေါ်မသွားဘဲ ဂရုမစိုက်သလိုနေခဲ့ကြတယ် ဂျယ်ယွန်းထိုအချိန်ခံစားမိတာကတော့ သူဟာ ဆောင်းဟွန်းရဲ့ တရားဝင်လက်ထပ်ထားတဲ့သူ အဖြစ် သတ်မှတ်မခံရပါလားဟု စိတ်ပြတ်အားငယ်မိသည်
အဲ့ဒီထက်ပိုဆိုးတာကတော့ သူနဲ့ပတ်သတ်သမျှကိုလဲ ဝင်ရောက်ပြောဆိုခွင့်မရှိတာပါ
ဂျယ်ယွန်းတို့နေတဲ့ တိုက်ခန်းအတွင်းကနေ အပြင်ကို လုံးဝပေးမထွက်ဘဲ သူပေးတာဝတ် သူကျွေးတာစားခိုင်းပါတယ်ဂျယ်ယွန်း ကိုယ့်ဟာကိုယ် ပြန်တှေးမိတာကတော့ သူက အမှတ်မရှိတဲ့သူဘဲ ဒီလိုမျိုး အနိုင်ကျင့်ခံ နှိမ်ခံရနေတာတောင် သူ ဆောင်းဟွန်းကို မမုန်းနိုင်ဘဲ သံယောဇဉ်တွယ်မိနေတုန်း
ဆောင်းဟွန်းရဲ့လုပ်ရက်တွေက တော်တော်ဆိုးလွန်းလှသည် သူအပြင်သွားလို့ ဂျယ်ယွန်းအိမ်မှာကျန်ခဲ့ရင် အိမ်တွင်းထဲမှာဘဲ သော့ခတ်ပြီးသော့ကို ယူသွားတာမျိုး ဂျယ်ယွန်းကိုလဲ ဟိုလူ ဒီလူနဲ့ မဟုတ်တာတွေ ပြောကာ စွပ်စွဲတာမျိုးတွေကြောင့် သူတို့ ရန်ဖြစ်ရတာလဲ ခဏခဏပါဘဲ
ဂျယ်ယွန်းကလဲ"ငါ့ကိုအထင်မလွဲပါနဲ့ ငါအနေနဲ့ ကာမပိုင်လင်ယောကျာ်းမှလွဲပြီး တခြား ယောင်္ကျားလေးတွေကို စိတ်နဲ့တောင်မပစ်မှား ခဲ့ဖူးပါဘူး ငါရဲ့ကိုယ်ကျင့်တရားကိုတော့ယူံပါ "
လို့ပြောနေပေမဲ့လဲ ဆောင်းဟွန်းရဲ့ တစ်ဖက်သက်စွပ်စွဲမှုတွေကတော့ မရပ်တန့်သွားပါဘူး
ဆောင်းဟွန်းရဲ့ စိတ်နေစိတ်ထားဟာ ခက်ထန်မာကြောပြီး သူလိုချင်သူလုပ်ချင်ရင် မဖြစ်ဖြစ်အောင်လုပ်တတ်တယ် ပြီးတော့ ရမှကျေနပ်တတ်တဲ့ သူရဲ့ တစ်ဖက်စွန်းရောက် အတ္တနဲ့ မိုက်မဲတဲ့ စိတ်သဘောထားကို ဂျယ်ယွန်း တဖြေးဖြေးနဲ့သိလာခဲ့တယ်
ဂျယ်ယွန်းတို့ မပြေလည်တဲ့ ပြသနာ တွေကြားမှာတောင် ဆောင်းဟွန်းက "ကလေးလိုချင်တယ်"လို့ပြော လာခဲ့တယ်
YOU ARE READING
«တစ်နေ့ပြန်ဆုံခဲ့သော် ငါဟာ မင်းနဲ့ မသက်ဆိုင်သူ»
Short StoryOne short ‹jakehoon› ချိုချိုစွီစွီ (〒﹏〒)