432 79 23
                                    

"မင်းနာမည်က ဟန်ယူဂျင်းနော်?"

"ဟုတ်ကဲ့ ကျွန်တော့်နာမည် ဟန်ယူဂျင်းပါဗျ အသက်က 25ပါ။ ​ဖြောင်းယန်ဒုံက ကွန်ဒိုတစ်ခုမှာ ကျွန်တော်နေပါတယ် အမေတို့ကတော့ အီထယ်ဝမ်မှာ နေတာပါ။ ကျွန်တော် Yonseiတက္ကသိုလ်မှာ ITမေဂျာအထူးပြုလည်း သင်နေပါတယ် လာမယ့်နှစ်ပြီးရင် ဘွဲ့ရပါပြီ"

"နာမည်ပဲမေးတာ နာမည်ပဲဖြေပါ အရစ်ရှည်လိုက်တာ တကယ်ပါပဲ"

"ဟုတ်ကဲ့ခင်ဗျ ဟျောင်း ေမးရတာမောနေမှာဆိုးလို့ ကျွန်တော်က ကြိုဖြေထားတာပါ"

internshipလာကမ်းလှမ်းကြသည့် ကုမ္ပဏီများစွာကို ပယ်ချကာ သူ့ကိုမကမ်းလှမ်းသည့် FOC gamingကုမ္ပဏီဆီ ယူဂျင်း ရောက်လာရသည့် ရည်ရွယ်ချက်မှာ တစ်ခုတည်း။ မျက်စိရှေ့က ကိုယ်တိုင်ကိုယ်ကျ အင်တာဗျူးနေတဲ့ ကုမ္ပဏီသူဌေး ရစ်ခီရှန့်ကြောင့်။

အကင်္ျီကော်လံစလေးကို ဆွဲဆန့်ကာ ခါးကိုပြန်မတ်ပြီး ​မျက်နှာကို ပြုံးထားမိသည်မှာ ပါးတွေ ညောင်းလာတဲ့အထိ။

"မင်းက အယ်လ်ဖာနော်?"

"ဟုတ်ပါတယ်"

"ဒီကုမ္ပဏီကို အလုပ်လာလျှောက်ရတဲ့အကြောင်းအရင်းကရော ဘာလို့လဲ"

ခင်ဗျား ရှိလို့ပါဟူသော စကားကိုပြောမထွက်မိအောင် လည်ချောင်းကို ခဏတာစိထားရတဲ့ သူ့အဖြစ်ဟာ မလွယ်။ ချောင်းတစ်ချက်ကို အရှက်ပြေ ဟန့်ရင်း မလှမ်းမကမ်းတွင်ရှိသော ငွေဖြူရောင်ဆံပင်တွေနဲ့လူသားကို မျက်လုံးတည့်တည့်စိုက်ကြည့်ပြီး ယူဂျင်းက ဖြေတယ်။

"စိတ်ဝင်စားလို့ပါ"

"ဘာကိုပြောချင်တာလဲ စိတ်ဝင်စားတယ်ဆိုတာက"

"ဪ ဒီလိုပါ ကျွန်တော်ကိုယ်တိုင်လည်း FOC gameကိုဆော့နေတဲ့လူပါ။ စိတ်ဝင်စားစရာတွေလည်း အများကြီးတွေ့ရသလို ကျွန်တော်ကိုယ်တိုင်ကလည်း ITပိုင်းကတဆင့် software engineerအလုပ်ကို ပိုပြီးနက်နက်နဲနဲလေ့လာချင်လို့ပါ နောက်ပြီး ဟျောင်းတို့ကုမ္ပဏီရဲ့systemကိုလည်း သဘောကျပါတယ်"

"ဟုတ်ပြီ ဒါဆို နောက်နေ့မှဆက်သွယ်..."

"ဟို ကျွန်တော်မေးစရာရှိပါတယ်"

ချစ်စွဲ | 𝘓𝘰𝘷𝘦 𝘖𝘣𝘦𝘴𝘴𝘪𝘰𝘯 • 𝗒𝗎𝗋𝗂𝗓Where stories live. Discover now