ep 25 (Zawgyi)

3.3K 49 1
                                    

......................................

အိပ်ရာမှနိုးလာသည်နှင့် ရေမိုးချိုးပြီး
အောက်ထပ်သို့ ဆင်းလာခဲ့သည်။ ညက
အခန်းထဲခိုးဝင်လာခဲ့သော မုဒိမ်းကောင်ကို
မိုးလင်းတော့ အခန်းထဲမှာ မတွေ့မိ။
ညက နံရံတွေကို ကုတ်တွယ်ရင်း
အခန်းထဲဝင်လာခဲ့သလို ပြန်တော့လည်း
အဲ့လိုပုံစံမျိုးနဲ့ ပြန်သွားတာဖြစ်မည်။
ကိုယ့်အခန်းထဲမှာ သူ ရှိနေတာကို အိမ်က
လူတွေမသိကြလို့ တော်သေးသည်။
မဟုတ်ရင် ကိုယ်ပဲ အရှက်ကွဲရမှာ။
သူကတော့ လုပ်ချင်ရာလုပ်ပြီးသွားရင်
ပြီးသွားရော။ နောက်ပိုင်းမှာ
ဘာပြဿနာဖြစ်မယ်ဆိုတာ မသိဘူး။

သူ့ကြောင့် နာနေတဲ့ခါးပါ ယောင်နန
ဖြစ်သွားသည်။
ခန္ဓာကိုယ်တစ်ခုလုံးလည်း
နာကျင်ကိုက်ခဲနေ၏။
လမ်းလေးနည်းနည်းလျှောက်လိုက်တာနဲ့
ညောင်ညာလာသည်။ ကိုယ်ဝန်
လရင့်လာလို့များလားမသိ။
ခွေးတိရစ္ဆာန်ကောင်ကတော့
တာဝန်မဲ့နေတုန်းပဲ။
ကိုယ်ဝန်ရှိနေသည့်ကြားက
အတူတူနေသည်။ ဘာအသိတရားမှ
မရှိတဲ့ခွေးရူးကောင်။

"ကိုကိုကြီး နိုးလာပြီလား။ ဒီမှာ
ကိုကိုကြီးအတွက် ကြက်သားဆန်ပြုတ်"

မိတုတ် ကမ်းပေးလာသော ပန်းကန်လုံးထဲက
ဖြူဖပ်ဖြူရော် ကြက်သားဆန်ပြုတ်ကို
ငုံ့ကြည့်ပြီး တိမ်ယံ မျက်နှာရှုံ့မဲ့သွားသည်။

"ငါ့ကို လူမာမာစာတွေ လာကျွေးနေတာလား"

"ဟင်း မိတုတ် ကျွေးတာမဟုတ်ဘူး။
အကိုလေးက ကျွေးခိုင်းတာ"

"ဘာ!!!သူ သူ့ကို နင်တွေ့လိုက်တာလား"

"ဟင့်အင်း မတွေ့ပါဘူး။ ဖုန်းထဲကနေ
မိတုတ်ကို လှမ်းမှာတာ။ ကိုကိုကြီး
နိုးလာရင် ကြက်သားဆန်ပြုတ်ကျွေးပြီး
အားဆေးတိုက်လိုက်ပါတဲ့။ အဲ့ကြောင့်
ကိုကိုကြီးအတွက် ကြက်သားဆန်ပြုတ်နဲ့
အားဆေးကို မိတုတ် ပြင်ထားပေးတယ်"

ဂရုစိုက်သလိုလိုနဲ့ အပိုတွေလုပ်နေတာ။
အစကတည်း အဲ့လိုတွေ တွေးတက်နေရင်
လူကို အသားနာအောင် လာမလုပ်နဲ့လေ။
မသိရင် သူကပဲ အရမ်းဂရုစိုက်နေသလိုလို။

"ဘာလဲ ကိုကိုကြီး မစားချင်လို့လား။
ဒါဆို မိတုတ် အသုတ်သုတ်ပေးမယ်"

I Hate You Where stories live. Discover now