Chapter 276

598 50 0
                                    

အပိုင်း (၂၇၆)

နှုတ်ခမ်းနှစ်လွှာနှင့်သွားတို့အကြား ချိုမြိန်မှုလေးများ ကူးလူးရောယှက်လို့နေသည်။

ထိုအရသာလေးက ရွှီယိကျစ်အား မလွှတ်ပေးချင်အောင် ဆွဲဆောင်နေ၍ အချိန်အတော်ကြာမှသာ နှစ်ယောက်သား လူချင်းခွဲနိုင်ကြသည်။

လင်ရှီးမျက်နှာမှာ နီမြန်းနေလျက်။

"မစ္စတာရွှီ၊ ရှင်ဒါအပြစ်ကျူးလွန်နေတာပဲ ဟုတ်ပြီလား၊ လူတွေမိသွားမှာမကြောက်ဘူးလား။"

"ကိုယ်တော့ မျှော်နေမိသား။"

ရွှီယိကျစ်၏ ထိုစကားကြောင့် လင်ရှီးမှာ စကားလမ်းကြောင်းပြောင်းချင်သွားရသည်၊ ရွှီယိကျစ်က အကြိမ်တိုင်း သူမနှလုံးသားကို သိမ်းပိုက်နိုင်လိုက်သည်ဟု ပြောလို့ရ၏၊ နောက်တစ်ခါ သူမ ရွှီယိကျစ်ကို နည်းနည်းလောက်လျှော့၍ စနောက်တာကောင်းလိမ့်မည်။

......

အချိုပွဲဆိုင်မှအထွက်တွင် အပြင်တွင် ဘယ်အချိန်အတည်းကမှန်းမသိ ကောင်းကင်တစ်ခွင် နှင်းမှုန်များဖုံးလွှမ်းနေသည်ကို တွေ့လိုက်ရသည်။

"ဝိုးး ဒီနှစ် ပထမဆုံးနှင်းကျတာပဲ၊ ပျော်စရာကြီး!"

လင်ရှီးက လက်ဆန့်ကာ နှင်းပွင့်လေးများကို တို့ထိပြီး ပြုံးနေလျက်။

အဖြူရောင်သားမွေးဦးထုပ်၊ နီရဲရဲမာဖလာနှင့် နေကာမျက်မှန်ခပ်လျှောလျှောတပ်ထားသောသူမကို လင်ရှီးမှန်း ဘယ်သူမှသိမည်မဟုတ်ချေ။

" ယောင်္ကျား၊ ကျွန်မတို့ တူတူ‌ဓာတ်ပုံရိုက်ချင်တယ်။"

ဒီလောက်လှတဲ့ရှုခင်းမှာ ဓာတ်ပုံမရိုက်ရင် နှမြောစရာပင်၊ သူမက မျက်နှာမမြင်နိုင်ပေမယ့်လည်းပေါ့။

ရွှီယိကျစ်က လင်ရှီး၏ဖုန်းကိုယူ၍ လက်ဆန့်ထုတ်လိုက်သည်၊ သူ 'ဓာတ်ပုံရိုက်ရန်'ကို နှိပ်လိုက်သည့်အချိန်တွင် လင်ရှီးက ရုတ်တရက် ခြေဖျားထောက်ကာ သူ့ပါးတစ်ဖက်ပေါ် သူမနှုတ်ခမ်းလေးများကို ထိကပ်လိုက်၏။

ဓာတ်ပုံထဲကအချိန်မှာ ထိုအခိုက်အတန့်လေးတွင် ရပ်တန့်သွားသည့်ပမာ...။

လောင်ကုန်းအတွက် အနမ်းတစ်ပွင့် စာအုပ် 2Where stories live. Discover now