Unicode
Hoseokကဝတ္ထုထဲက ဗီလိန်ဇာတ်ကောင်ဆိုပေမဲ့ ဖြတ်လျှောက်ဗီလိန်လိုပင် ဝတ္ထုထဲ သူနေတဲ့နေရာဘာညာ သူ့အကြောင်းဖော်ပြထားခြင်း ဘာမှမရှိပေ။ သူက Yoongiကိုခပ်မဲ့ဆေး ကျန်တဲ့ဗီလိန်တွေဆီရောင်းလိုက်သူဖြစ်သည်။
ဝတ္ထုအရ ဇာတ်လိုက်မကို ကျန်ဇာတ်ကောင်များထက် အရင်ဆုံးတွေ့သူဖြစ်ပြီး အရင်ဆုံးချစ်မိသူဖြစ်သည်။ ဒါပေမဲ့ ဇာတ်လိုက်မက ဧကရာဇ်မှ ဧကရာဇ်ဖြစ်နေတာကြောင့် ဗီလိန်ရာထူး အရခံကာ ဇာတ်လမ်းတွင် အရင်ဆုံး ဧကရာဇ်၏ ကွပ်မျက်ခြင်းခံလိုက်ရသည့် ပထမဆုံး ဗီလိန်ဇာတ်ကောင်ဖြစ်သည်။
အဲ့ဒါတွေအသာထား ဘာလို့ဗီလိန်တွေက ဇာတ်ကြောင်းကို ပြောင်းပြန်လှန်နေကြတာလဲ။ ဇာတ်လိုက်မ မဟုတ်ဘဲ ငါ့ကို ဘာလို့ လာကြိုက်နေကြတာလဲ။ ယီးလိုပဲ။
သူတို့ဇာတ်လိုက်မကို မတွေ့သေးလို့ ဖြစ်မယ်။ ခဏ ဇာတ်လိုက်မကို တွေ့ရင်ရော။ သူတို့ ဇာတ်လိုက်မကို တွေ့လို့ကြိုက်သွားရင် ငါ ငါက ဇာတ်ကြောင်းအတိုင်း ဥ ဖြတ်ခံရဖို့ နီးစပ်သွားမှာ။ ယီးပဲဟာ။ ယီးပဲ။ ငါဘာဆက်လုပ်ရတော့မှာတုန်းလို့။ ဇဘက်ပဲ။
အခု ငါ့ကိုကြွေတာ ဗီလိန်သုံးယောက်ပဲရှိသေးတယ်။ သုံးယောက်ပဲ။ ဟုတ်တယ် စိတ်လျော့။ ကျန်တဲ့ဗီလိန်တွေ ရှိသေးတယ်။ ဟူးးး။
အဓိကက ဆေးရောင်းတဲ့Hoseokက ငါ့ကိုကြွေနေတာဆို သူဆေးမရောင်းတော့ဘူး။ သူဆေးမရောင်းရင် ငါဆေးအခပ်မခံရတော့ဘူး။ အဲ့လိုဆို ငါ့ဥမပြတ်တော့ဘူး။ ဟ ဟ
နေပါဦး။ Hoseokမရောင်းလည်း တခြားတစ်ယောက်ဆီက သွားဝယ်ရင်ကော။ ချပတ် ချပတ် ငါဂရိုးမ။
Hollyကိုပွေ့ချီကာ လမ်းလျှောက်ရင်း အတွေးပေါင်း သောင်းခြောက်ထောင်ကြား နစ်ဝင်နေသည်။ Min Yoongiဆိုတာ တကယ့်ကို အိမ်မကပ်ပေ။ အားတိုင်း Hollyခေါ်ပြီး တချိန်လုံး အပြင်ထွက် နေတတ်သည်။
အတွေးနစ်နေသည့်အကျိုးဆက်က လူတစ်ယောက်နဲ့ တိုက်မိပြီလေ။
"ဆောရီး ဆောရီး အာ..မှားလို့ မှားလို့ မီယားနဲ"
"Minအိမ်တော်သခင်လေးက ဘောကျော့နေတဲ့ သခင်လေးပဲ"
YOU ARE READING
မျက်မမြင် အမြှောက်စာ ဇာတ်ကောင်လေး/မ်က္မျမင္ အျမႇောက္စာ ဇာတ္ေကာင္ေလး