Chapter 246

632 47 0
                                    

Kiss Husband - 246

အပိုင်း (၂၄၆)

ရွှီယိကျစ် ချက်ချင်း ခေါင်းယမ်းလိုက်သည်။

လင်ရှီး သူမဝတ်ထားသော ရွှေရောင်ဝတ်စုံလေးကို ပြန်ငုံ့ကြည့်လိုက်မိ၏၊ သူမအမြင်တွေ ချို့ယွင်းသွားတာများလား။ ဒါမှမဟုတ် ယောင်္ကျားနဲ့မိန်းမ အမြင်မတူလို့ပဲလား။

ဒီရွှေရောင်ဝတ်စုံလေးက အလင်းရောင်အောက်တွင် အတော်လေးတောက်ပနေလိမ့်မည်ဟု သူမ ခံစားမိသည်၊ သို့သော် သူမ ယောင်္ကျားကတော့ ကြည့်ကောင်းသည်ဟုထင်ပုံမရပေ၊ သို့နှင့် သူမ နောက်တစ်ထည်ယူကာ ထပ်သွားလဲရပြန်သည်။

သူမ ဗီရိုထဲရှိ ဝတ်စုံအားလုံးနီးပါးကို စမ်းဝတ်ကြည့်ပြီးသွားသော်လည်း ရွှီယိကျစ်က ဘယ်တစ်ထည်ကိုမှ စိတ်တိုင်းကျပုံမပေါ်ပေ။

လင်ရှီး ခပ်ဖွဖွသက်ပြင်းချမိသည်။

"ယောင်္ကျား၊ ကျွန်မက ဘာဝတ်ဝတ်မလိုက်ဘူးလို့ ထင်လို့လား။"

တစ်ထည်နဲ့မှ မလိုက်ရင် ရှင် ဝယ်လာတဲ့ဝတ်စုံတွေ အလကားဖြစ်သွားမှာမဟုတ်ဘူးလား။

မင်းက ဘာဝတ်ဝတ်လှနေလို့ ဟူ၍ တစ်စုံတစ်ယောက်သောအမျိုးသားကတော့ ကွန်ပလိန်း‌တက်နေဆဲပင်။ သို့နှင့် ကောင်မလေး၏မျက်နှာထက် 'စိတ်ဓာတ်ကျနေပြီ'ဟူသောစာလုံး ပေါ်နေသည်ကို တွေ့မှသာ သူ လက်လျှော့လိုက်တော့သည်။

"ဒါဖြင့်.. ဒီတစ်ထည်ပေါ့။"

နောက်ဆုံးတွင်တော့ သားမွေးအပေါ်ရုံပါသည့် ဆွတ်ဆွတ်ဖြူသောဝတ်စုံကို ရွေးခြယ်လိုက်သည်။

"ဒီတစ်ထည်နော်? ဒါဆို ကျွန်မ နက်ဖြန် အဲဒါဝတ်သွားမယ်။"

ရွှီယိကျစ် ရွေးခြယ်၍ပြီးသွားသောအခါ သူ ပိစိကလေး နောင်တရမိသည်။ လင်ရှီး အဖြူရောင်ဝတ်စုံကို ဝတ်လိုက်သောအခါ နူးညံ့ကာ ဖြူစင်သော မင်းသမီးလေးတစ်ပါးနှင့် တူလေ၏။

သူက ကိစ္စများလုပ်ကိုင်ရာတွင် အင်မတန်ကျွမ်းကျင်စွာ ဆုံးဖြတ်ချက်ချတတ်၏၊ သို့သော် လင်ရှီးနှင့်ဆုံပြီးနောက်တွင်မူ မိမိကိုယ်ကို 'နောင်တ'ရစေသည့် လယ်ဗယ်နိမ့် အမှားသေးသေးလေးများ ထပ်ခါတလဲလဲ လုပ်မိလာခဲ့သည်။

လောင်ကုန်းအတွက် အနမ်းတစ်ပွင့် စာအုပ် 2Where stories live. Discover now