Chapter 235

725 47 0
                                    

Kiss Husband - 235

အပိုင်း (၂၃၅)

အော်မုန့်ရွှယ် ချက်ချင်း တိတ်ကျသွားပြီး နောက်စကားတစ်ခွန်းမှ မပြောရဲတော့ချေ။

"ကျင့်ယွီ၊ မင်း ရွှီအုပ်စုရဲ့ ဒုဥက္ကဌဖြစ်နေတာ အဖေ့ကို ဘာလို့မပြောတာတုန်း။"

ဒီနေ့ သူ ဝမ်းသာရမည့်ကိစ္စက ဒီတစ်ခုတည်းသာရှိ၏။

"ဘာပြောစရာရှိလို့လဲ၊ အချိန်ပိုင်းအလုပ်လေးပဲဟာ။"

သူက အမြဲအပြင်တွင်အလေလိုက်နေသည်ဟု သူအဖေက ထင်ခဲ့ပြီး သူလုပ်သည်ကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ပေ။အခု သူက ရွှီအုပ်စုရဲ့ ဒုဥက္ကဌဖြစ်နေမှန်း သိသွားတော့မှ ကောင်းကောင်းမွန်မွန် စတင်ဆက်ဆံလာပြီး သူ့ကို ဂရုစိုက်လာသည်။

မည်သို့ဆိုစေကာမူ သူ့အဖေက သူ့ကို စိတ်ပျက်သွားစေခဲ့ပြီးလေပြီ။

သူ့စကားကိုကြားလျှင် ချီယန်ပင်းက စိတ်ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။

"ကောင်းတယ်၊ မမောက်မာဘူး၊ စိတ်လိုက်မာန်ပါမလုပ်ဘူး၊ ဒါမှ ငါ ချီယန်ပင်းရဲ့သားပဲကွ၊ ကုမ္ပဏီကို မင်းဆီလွှဲပေးရင်တော့ ငါ စိတ်ချရပါပြီ။"

ယန်ဟွေ့လင် ထိုစကားကိုကြားသော် မျက်လုံးပင့်ကြည့်လာ၏။ ထိုအမျိုးသား၏စိတ်ကို သူမ ကောင်းစွာသိပြီး ဂုဏ်သိက္ခာအား အင်မတန်မှ အလေးအနက်ထားသည်ကိုလည်း သူမ သိသည်။

ချီကျင့်ယွီက သာမန်ကာလျှံကာသာ ပြောလိုက်၏။

"ဟင့်အင်း၊ ‌ကျွန်တော် ကျောက်ပြားစက်ရုံအလုပ်ကို စိတ်မဝင်စားဘူး၊ အဲ့အပြင် ကျွန်တော် ရွှီအုပ်စုမှာ အရမ်းအလုပ်များနေတာ၊ တခြားကိစ္စတွေ အာရုံစိုက်ဖို့အချိန်မရှိဘူး။"

သူပြောသည်ကိုကြားလျှင် ဝမ်စူးဖျင်က အ‌လောတကြီး ပြောလေသည်။

"ယန်ပင်း၊ ကျင့်ယွီက ငြင်းလိုက်ပြီပဲကို၊ ကျားယန် လက်လွှဲယူတာ ပိုကောင်းမယ်ထင်တယ်နော်၊ သူ့မှာ ကုမ္ပဏီထောင်ဖူးတဲ့ အတွေ့အကြုံလည်း ရှိတယ်လေ။"

ချီယန်ပင်းက သူမကို ကြည့်ပင်မကြည့်။ ကျားယန် အိမ်မှာမရှိတုန်းက သူမသည် သူ့အရှေ့တွင် ကျင့်ယွီအား ခေါ်ခေါ်ပြောပြောဖြင့် မိခင်အရင်းလို ချစ်မြတ်နိုးသယောင် ပြ၏။ ယခု ကျားယန်ပြန်လာတော့ သူမသားအတွက်သာ ကြည့်ပေးနေလေသည်။

လောင်ကုန်းအတွက် အနမ်းတစ်ပွင့် စာအုပ် 2Where stories live. Discover now