Kiss Husband - 231
အပိုင်း (၂၃၁)
ချီကျားယန် မသိစိတ်၏စေ့ဆော်မှုကြောင့် အော်မုန့်ရွှယ်ကို ကြည့်လာ၏။
"မင်း လင်ရှီးကို ဖိတ်လိုက်တာလား။"
အော်မုန့်ရွှယ်က လင်ရှီးကိုကြည့်လျက် ပြုံး၏။
"ဟုတ်တယ် ကျားယန်ကော၊ လင်ရှီးက ကျွန်မအချစ်ဆုံးသူငယ်ချင်းပဲလေ။"
ချီကျားယန် မျက်လုံးထဲတွင် မီးတောင်များ လောင်ကျွမ်းနေသည့်နှယ် အော်မုန့်ရွှယ်အား စူးစိုက်၍ကြည့်လာ၏။
အော်မုန့်ရွှယ်က သူ့အကြည့်ကို မကြောက်သွားဘဲ ပို၍ဆွဲဆောင်မှုရှိစွာပင် ပြုံးကာ သူ့နားနား တိုးကပ်လိုက်၏။
"ကျားယန်ကော သတိထားနော်၊ ဒီမှာ မီဒီယာတွေရှိတယ်။"
ချီကျားယန်၏ ဆုပ်ထားသောလက်သီးတို့မှာ ဖြည်းဖြည်းချင်း ပြေလျော့သွားပြီး သူ့မျက်လုံးများက ဗလာကျင်းလျက်သား။
လင်ရှီးက ဝမ်စူးဖျင်၏လက်ကို မသိမသာ ရှောင်ဖယ်လိုက်သည်။
"မလိုပါဘူး အန်တီ၊ အော်မုန့်ရွှယ်က ဒီနေ့ ကျွန်မကို ဖိတ်ထားတာပါ။"
သူမ နောက်တွင် လက်ထောက်တစ်ယောက်ရှိနေ၏၊ ကျန်းရှုက ပြင်ဆင်လာသော ဖိတ်စာကို ချက်ချင်း ကမ်းပေးလိုက်သည်။
အော်မုန့်ရွှယ်က သူမကိုဖိတ်လိုက်တာ? ဝမ်စူးဖျင် အနည်းငယ်မျက်နှာပျက်သွားသည်။ ကြည့်ရတာ အဲဒီမိန်းမက ချီမိသားစုကို တမင်တကာ အရှက်ရစေချင်ပုံပင်၊ သို့နှင့် သူမ နေရာသို့ သွားပြန်ထိုင်လိုက်ရသည်။
"ဘာပဲဖြစ်ဖြစ် ကျွန်မက စတားအင်တာတိန်းမန့်ရဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်ခဲ့ဖူးတာပဲလေ၊တစ်ယောက်က ကျွန်မရဲ့ အရင်သူဌေး၊ တစ်ယောက်က ကျွန်မ အရင်မန်နေဂျာ၊ ကျွန်မ ဘယ်လောက်ပဲအလုပ်များများ သူတို့ကို လာကောင်ချီးပေးရမှာပေါ့။"
သူမ ရည်ရွယ်ချက်ကို ရှင်းပြပြီးသောအခါ မီဒီယာများမှာ နောင်တရသွားကြရသည်။ နဂိုကတော့ တူးထုတ်စရာ သတင်းကြီးကြီးရှိပြီး လာရတာတန်သည်ဟု သူတို့ ထင်မှတ်ထားခဲ့ကြ၏။ မနက်ဖြန် ခေါင်းကြီးပိုင်းတွင် 'လင်ရှီးက ယခင်မန်နေဂျာ၏ မဂ်လာဆောင်ကို တက်ရောက်' ဟု ရေးသား၍ ရနိုင်သည်။