....................................
တစ်ပတ်ဆိုသည့်အချိန်တိုလေးအတွင်းမှာ
အနှစ်နှစ်အလလ ဖုံးဖိထားခဲ့သော
ဘဝအစစ်အမှန်ကို ကိုယ်တိုင်ကိုယ်ကျ
ဖော်ထုတ်ခဲ့ရသည်။ ကိုယ့်ကိုယ်ကိုယ်
Betaတစ်ယောက်လို
ဆက်ဖုံးကွယ်မထားနိုင်တော့ပေ။
ဗိုက်က 3လကျော်လာသည်နှင့်အမျှ
ပိုမိုပူလာသည်။ Glandနေရာကနေလည်း
ဖုံးဖိထားလို့မရအောင် Pheromoneများ
စိမ့်ထွက်လာလေပြီ။ Betaဆိုပြီး
ဆက်လိမ်ထားလို့မရတော့သည့်
အချက်များကြောင့် မျက်နှာပူပူနှင့်သာ
ကိုယ့်ဘဝအကြောင်းကို လူအများသိအောင် ဖော်ထုတ်ခဲ့သည်။လိမ်ညာထားခဲ့သည့်ကိုယ့်ဘဝအစစ်အမှန်အကြောင်းကို ညီမလေး သိသွားသောအခါ
ကိုယ့်ကို စိတ်ဆိုးသည်ထက်
စိတ်နာသွားခဲ့သည်။ ညီမလေးကို
ဘယ်လိုပင် ချော့မော့ တောင်းပန်ခဲ့ပါစေ
ညီမလေးကတော့ ကိုယ့်ကို နည်းနည်းလေးမှ
လှည့်မကြည့်ဘဲ အိမ်ပေါ်ကနေ
ဆင်းသွားခဲ့သည်။ ဘယ်သွားမည်၊
ဘယ်မှာနေမည်ကိုပင် လုံးဝမပြောသွားခဲ့ဘူး။
ကိုရှိန်အိမ်ထိ သွားရှာကြည့်သော်လည်း
ညီမလေးက ကိုရှိန်အိမ်မဟုတ်တဲ့
တခြားတစ်နေရာဆီ ထွက်သွားခဲ့သည်မို့
ဘယ်လို့မှရှာမရခဲ့။ညီမလေး ဘယ်နေရာအထိ
ထွက်သွားလဲမသိ။ ကိုယ့်ကို
တကယ်ပဲ စိတ်နာသွားပြီလား။ညီမလေး စိတ်နာလည်း နာသင့်ပါတယ်။
ကပြားကောင်ရဲ့ ကတိစကားကို ယုံကြည်ပြီး
ညီမလေးကို အသိမပေးဘဲ
အိမ်ထောင်ပြုခဲ့မိသည်။ ပြီးတော့
အရိုင်းအစိုင်းကောင်ရဲသွေးသားကိုပါ
လွယ်ခဲ့ရသည်။ ထိုအချိန်ထိ ညီမလေးကို
အသိမပေးခဲ့မိဘူး။
ကိုယ့်ဘဝအကြောင်းအမှန်ကို
ညီမလေး သိလိုက်ရသည့်အချိန်ဟာ
အရမ်းနောက်ကျသွားခဲ့ပြီ။ညီမလေးကို တောင်းပန်ပါတယ်။
ဒီအကို အရမ်းတုံးအမိခဲ့တယ်။
နောက်ဆို ဘယ်အရာကိုမှ
မဖုံးကွယ်ထားတော့ဘဲ ညီမလေးကို
အကုန်အသိပေးပါ့မယ်။"အင့်"
မျက်ရည်အရမ်းပေါများလာသော ကိုယ့်ကို
အားပေးနှစ်သိမ့်ပေးမည့်သူမရှိပါ။
ဘဝအစစ်မှန်ကို ဖုံးကွယ်ထားခဲ့
တုန်းကလည်း အရမ်းကိုမှ ပင်ပန်းခဲ့ရသည်။
ဘဝအစစ်မှန်ကို ဖော်ထုတ်ပြန်တော့လည်း
အရမ်းကိုမှ နာကျင်ရပြန်သည်။
ဘယ်အရာကိုရွေးရွေး ကိုယ်ဟာ
ဝမ်းနည်း နာကျင်မှုများကိုသာ
ခံစားနေရသည်။
YOU ARE READING
I Hate You
FantasyWarning: 18 ABO worldကို အခြေခံရေးသားထားပါသည်။ စိတ်ကူးယဉ် ficလေးမို့ အပြင်လောကနှင့် များစွာ ကွာခြားနိုင်ပါသည်။