.................................
"ကလေး ဘယ်လိုနေလဲ"
"ကလေးလား ဟစ်"
ဒေါက်တာ ပြုံးတော့ ဒေါ်နန်သင်းဇာ
ပို၍ စိတ်ဝင်စားလာသည်။
သိချင်စိတ်ကြောင့် ဒေါက်တာ့ကို
မျက်လုံးအဝိုင်းသားနှင့် စိုက်ကြည့်နေသည်။
ကုတင်ပေါ်မှာ အားဆေးသွင်းထားရင်း
လှဲလျောင်အိပ်စက်နေသော ဖြူဖျော့ဖျော့
မျက်နှာလေးကို ဒေါက်တာ
ပြုံးလျက် ငေးကြည့်ပြီး......."ကလေးက တော်တော်သန်မာတယ်။
လမစေ့သေးဘဲ ဗိုက်ခွဲဆွဲထုတ်ရင်တောင်
ထွက်လာမှာမဟုတ်ဘူး""ဟိုကောင်လေးရဲ့သွေးအပြည့်
ပါလာတာနေမယ်""ဟက် အဲ့လိုပြောရမှာပဲ"
ဒေါ်နန်သင်းဇာ ပြုံးလည်းပြုံးချင်
ငိုလည်းငိုချင်နေသည်။ ဝေလီဝေလင်း
အချိန်ကြီး အဝတ်အစား ဖရိုဖရဲနဲ့
အိမ်ထဲရောက်လာခဲ့သော တူကြီးရဲ့ ပုံရိပ်ကို
အခုထိ ပြန်မြင်ယောင်နေသေးသည်။
ပေါင်ခြံကြားကနေ သွေးများစီးကျလျက်
'ကြီးမေ'ဆို၍ ခေါ်ကာ အခန်းထဲဝင်လာသည့်
တူကြီးက တစ်လှမ်းနှစ်လှမ်းလောက်သာ
လျှောက်ရသေးသည်
အခန်းတံခါးဝနားမှာတင် မေ့လဲသွားခဲ့သည်။
WIG ကုမ္ပဏီ CEO၊ တည်ကြည်ခံ့ညားတဲ့
မျက်နှာထားနဲ့တူကြီးက
ဟိုကပြားကောင်ကြောင့် ရစရာမရှိအောင်ကို ခန္ဓာကိုယ်တစ်လုံးမှာ
ဒဏ်ရာဒဏ်ချက်တွေချည်းပဲ။ တူကြီးက
ရှက်လည်းမရှက်တက်တော့သည့်အတိုင်း
ကြီးမေဖြစ်သူဆီကို ပစ်စလက်ခတ်ပုံစံနဲ့ပဲ ရောက်လာခဲ့တာ။ တွေးမိရင် ရင်နာရသည်။
တော်သေးသည်က ကလေး ဘာမှမဖြစ်လို့။
အောက်ပိုင်းကပဲ အနည်းငယ်ကွဲသွား၍
ချုပ်လိုက်ရသည်။
ဘယ်လိုတောင် လူမဆန်လိုက်သလဲ။
အားအင်းမရှိသည့်ကြားက
ကိုယ်ဝန်ဆောင်ထားရသည်ကို
လူမဆန် လုပ်ရက်တယ်။"တွေးမိရင် ဒေါသထွက်ရတယ်
ဒေါက်တာရယ်။ အဲ့ကောင်လေး
တော်တော်ဆိုးတယ်""သူ့ကိုလည်းအပြစ်တင်လို့ မရသေးဘူး
အန်တီ။ ပြင်းထန်တဲ့Rut
ကာလထဲရောက်နေတဲ့အပြင်
ကိုမိုးတိမ်ယံမှာ ကိုယ်ဝန်ရှိနေမှန်းမသိတော့
မဖြစ်သင့်တာတွေဖြစ်ကုန်တာပါ"
YOU ARE READING
I Hate You
FantasyWarning: 18 ABO worldကို အခြေခံရေးသားထားပါသည်။ စိတ်ကူးယဉ် ficလေးမို့ အပြင်လောကနှင့် များစွာ ကွာခြားနိုင်ပါသည်။