ep 19 (Unicode)

18.7K 889 163
                                    


A/N သွေးထွက်သံယို
Warningပါသည့် Partပါ။🔞
(တချို့အကြောင်းအရာများသည် 
စာရေးသူ၏
စိတ်ကူးယဥ်သက်သက်သာဖြစ်သည်)‼️

......................................

'အချိန်တွေ ကုန်ဆုံးတာမြန်လွန်သည်'လို့
ဒီနေ့ကမှ သတိထားမိသည်။ ဗိုက်ထဲမှာ
ကိုယ့်ဗိုက်ထဲမှာ လူသားလေး‌ရှိနေပြီ။
လုံးဝမမေ့ထားသင့်သည့်အရာပါ။
ဒါပေမဲ့ ကလေးဖြစ်တည်လာအောင်
ဖန်တီးလိုက်သည့်လူကြောင့် ဗိုက်ထဲမှာ
ကလေးရှိမှန်းမသိ မေ့လျော့နေခဲ့မိသည်။

သူနဲ့အတူနေပြီး မနက်လို ဗိုက်ထဲမှာ
အောင့်တောင့်တောင့်ဖြင့် တစ်မနက်လုံး
နေရထိုင်ရ ခက်ခဲနေခဲ့သည်။ ဒီကြားထဲ
မီးဖိုချောင်ထဲမှာ မချက်တက် ချက်တက်နဲ့
ဟင်းအမယ်မျိုးစုံကို တစ်မျိုးပြီးတစ်မျိုး
ချက်နေခဲ့ရသည်။ ဟင်းမပြောနဲ့ ထမင်းတောင်
မချက်တက်သည့်သူမို့ ဆီအပူလောင်၊ ဓားရှ၊
မီးအပူထိနဲ့ လူတစ်ကိုယ်လုံးက
ရစရာမရှိအောင်ကို စုတ်ပြတ်သတ်နေကုန်ပြီ။
အမှန်တကယ်ဆို အရိုင်းအစိုင်းကောင်
ခိုင်းသည့်အတိုင်း လိုက်လုပ်မည်မဟုတ်ပေ။ ကုမ္ပဏီက ဝန်ထမ်းများနှင့်
ရှယ်ယာဝင်များ၏ မျက်နှာကြောင့်
လူအပင်ပန်းခံပြီး မတက်သည့်အရာကို ကြိုးစားပမ်းစား လုပ်ပေးနေရသည်။

ထိုသို့လုပ်ပေးမှု၏ ကောင်းမှုကြောင့်
အခု ဒေါက်တာနန္ဒာဆီ ရောက်လာခဲ့ရသည်။
ဗိုက်ထဲမှာ မခံမရပ်နိုင်အောင်
အောင့်တက်လာလွန်း၍ ဒေါက်တာဆီ
မလာချင်သော်လည်း လာခဲ့ရသည်။
ကိုယ့်ဗိုက်ကို ဒေါက်တာ မျိုးစုံ
စစ်ဆေးစမ်းသပ်ပြီး တင်ပါးမှာ ဆေးနှစ်လုံး
ထိုးပေးသည်။ ပြီးနောက်
အားဆေးတချို့နှင့် အာဟာရ
ဓာတ်ဆားထုပ်များ ပေးသည်။

ဆေးစစ်လို့လည်းပြီးပြီ၊
သောက်ဆေးများလည်း
ယူလို့ပြီးပြီဆိုတော့ ပြန်ယုံပဲ။
ဒါပေမဲ့ ဗိုက်နှင့် ပတ်သက်သည့်
ကျန်းမာရေး အကြောင်းအရာများကို
ဒေါက်တာ ဆွေးနွေးချင်သည်ဆို၍
တိတ်တဆိတ် ထိုင်နားထောင်နေရသေးသည်။

"ဒေါက်တာတစ်ယောက်အနေနဲ့
ပြောရရင် ကိုမိုးတိမ်ယံ
အရမ်းအားနည်းနေတဲ့အတွက်
ခေတ်ဟောင်းနဲ့ အတူနေဖို့
မသင့်တော်သေးဘူး။ အခန့်မသင့်ရင်
ကလေးပါ ထိခိုက်နိုင်တယ်။
အယ် ဒါပေမဲ့ Alphaတစ်ယောက်အနေနဲ့
ပြောရမယ်ဆို... Rutကာလမှာ
ဘယ်Alphaမဆို ကိုယ့်Omegaနဲ့
အတူနေချင်ကြတာ သဘာဝပါပဲ။
ခေတ်ဟောင်းလို
Dominant Alphaဆို ပိုဆိုး"

I Hate You Where stories live. Discover now