{19}

459 76 8
                                    

" ကိုကို "

" ဗျာ "

" ယောကျာ်းလေးနှစ်ယောက်ချစ်တဲ့
ဝတ္ထုတွေကလည်း ဇာတ်သိမ်းမှာ ပေါင်းဖက် သွားရလားဟင် "

" ဟင် "

"  အပြင်က အဲ့လို မူမမှန်တဲ့ ချစ်ခြင်းတွေကရော ပေါင်းဖက်နိုင်ရဲ့လား "

" ဟန်ဆိုလ်း ရဲ့အစ်ကို ဆွန်းချောလ်ကိုသိ
လား "

" သိသလိုတော့ရှိတယ် "

" အဲ့အစ်ကိုက အစ်ကိုဂျောင်ဟန်နဲ့လက်ထပ်ထားတာလေ နောက်ပြီး အစ်ကိုရှုအာနဲ့ ဒေါက်တာဆော့မင်ကလည်း လက်ထပ်တော့မှာ ဝန်းနူကလည်း မင်ဂယူဘွဲ့ယူပြီးရင် လက်ထပ်တော့မှာ "

" ဟုတ်လား "

" ဟုတ်တာပေါ့ "

" ကိုကိုရော ဘယ်တော့လက်ထပ်မလဲ "

" ကလေးလေး ရှိနေတာကို ဘယ်သူနဲ့ လက်ထပ်ရမှာလဲ "

" ကျွန်တော်က အမြဲရှိနေမှာမှ မဟုတ်တာ "

" ဘာတွေပြောနေတာလဲ ကလေးလေးရယ် နားလိုက်ဦး "

စကားတွေ အများကြီးပြောလိုက်လို့ထင်တယ် ကလေးလေးက တကယ်ကို မောနေသယောင်။
အိပ်ပျော်သွားတဲ့ကလေးလေး လက်ကိုဖွဖွလေးကိုင်ကာ သူကအသံတိတ်မျက်ရည်ကျရသည်။

တကယ်တော့ ကိုကိုက တုံးအခဲ့တဲ့ ကောင်ပါ ကလေးလေးရယ် ။
ဘယ်သူမှ မသိအောင် တစ်ယောက်တည်း ခိုးချစ်နေခဲ့ပါတယ်ဆိုမှ အစ်ကိုရှုအာက သိသွားခဲ့သေးတယ်။
ကလေးလေး သူ့ကိုချစ်တယ်ဖွင့်ဟ ဝန်ခံခဲ့တဲ့အချိန်တွေတုန်းကလည်း နာကျင်စေခြင်းတွေနဲ့သာဖြစ်စေခဲ့တာ။
အလိုမတူဘဲ ကျူးလွန်ခဲ့တာတွေ
အထိနာအောင်ပြောဆိုခဲ့တာတွေ
မျက်နှာ နုနုလေးကို ရိုက်ခဲ့မိတာတွေ
အပြောအဆို မနူးညံ့ခဲ့တာတွေ  ဖြစ်ရပ်တစ်ခုချင်းစီကို ပြန်စဥ်းစားမိတော့ သူကသေသင့်ဖို့လုံလောက်တဲ့သူတစ်ယောက်ပင်။
အီဆွန်းရီနားကပ်ရင်တော့ ကလေးလေးရဲ့လုပ်ငန်းကိစ္စအောင်မြင်မှာပါဆိုတဲ့ ကြောင်တောင်တောင် အတွေးနဲ့ ချဥ်းကပ်ပေမယ့် ရိပ်မိတဲ့အန်တီကြောင့် ကိုယ့်ဇာတ်ကို မနိုင်ဖြစ်ခဲ့ရသေးတာ။
အဲ့တာတွေ အကုန်လုံးကိုလေ သူက ကလေးလေး ဆေးရုံက ဆင်းတာနဲ့ ကလေးလေးကိုပြန်ပေးဆပ်တော့မှာ။

လောင်းရိပ်မိသောအချစ်Where stories live. Discover now