အပိုင်း (4.2)

387 87 2
                                    

(4.2)

ပေါ်လီစီး က သူ့ရဲ့ လက်အောက် ငယ်သား တွေကို လက်ဟန် ပြလိုက် ပြီးတော့ နောက်ထပ် ပိုပြီး များပြားတဲ့ အချက်အလက်တွေ ယူလာခဲ့ ဖို့ အမြန် အချက် ပြ လိုက်တယ်။

'' မဟုတ်ပါဘူး ။ ကျွန်တော် က မွေးစားမယ့် မိသားစု တစ်ခု ကို မရွေးလို့ မရ နိုင်ဘူးလား။ ကျွန်တော့် ဘာသာ ကျွန်တော် စောင့်ရှောက်နိုင်  ပါတယ်! ''

သူက အနာဂတ်မှာ သူ မသိတဲ့ တစ်စိမ်း တစ်စု နေရတော့ မယ်လို့ တွေးကြည့် လိုက်မိတာ နဲ့ သူ့ရဲ့ ဦးခေါင်းခွံ တစ်ခုလုံး ထုံကျင် သွားသလို ခံစား လိုက် ရတယ်။ ပြီးတော့ သူ့အာရုံကြော တွေကလည်း မတင်းပဲ မနေနိုင်ပေ။ အဲ့အကြောင်း ကို တွေးမိခြင်း က သူ့ကို အတော်လေး ပင်ပန်း လာစေတယ်....။

'' အဲ့တာ က ဘယ်လို လုပ်ပြီး ဖြစ်နိုင်မှာလဲ!မင်းက အခုထိ ငယ်ငယ်လေး ပဲ ရှိနေ သေးတယ်။ ပြီးတော့ မင်း အရွယ်ရောက် အထီး တစ်ယောက် ဖြစ်လာဖို့ မင်းကို ​သေချာလေး ဂရုစိုက် ပေးပြီး ဘေးကနေ ညွှန်ပြ ပေးရမယ့် အရွယ်ရောက် အထီးတွေ ကိုလည်း လိုအပ် သေးတယ်လေ။ မင်း က မွေးစား မိသားစု တစ်ခု ထဲကို ဝင်ပြီး သွားရင်တောင်မှ ပဲ စောင့်ရှောက်သူ ဇာ့ချ် တစ်ကောင်ကို ရွေးပြီး ကျောင်းသွား ဖို့လည်း လိုအပ်သေးတယ်လေ။ ''

ပေါ်လီစီး က အရွယ် မရောက်သေးတဲ့ အထီးလေး ကို စိတ်ရှည်စွာ ဖြင့် ရှင်းပြ ခဲ့လေတယ်။

အသက်မပြည့်သေးတဲ့ အထီးတွေက အာကာသ ယဥ်ငယ်ကို မောင်းလို့ မရနိုင်သေးပေ။ သူသာ လမ်းမ ပေါ်မှာ တစ်ယောက် ထဲ လမ်းလျောက် ရဲရင် ဆာလောင်​နေတဲ့ ကြောက်စရာ အဆင့်နိမ့် အမ တွေထံ က မိနစ်အနည်းငယ် အတွင်းမှာတင် ခေါ်သွားတာ ကို ခံရ နိုင်တယ်။

ပေါ်လီစီး က ဒီ စိတ်ကြီးဝင် လွန်းတဲ့ အထီးလေး ကို အသေးစိတ် က အစ ရှင်းပြ ခဲ့တယ်။ ဘာမှ မသိသေးတဲ့ အပြစ်ကင်းသော ဒီ အထီးလေး ကို သူ့ရဲ့ အဖိုးတန် မှု နဲ့ နုနယ် မှုတွေက ဘယ်လောက် တောင် ရှိနေ သလဲ ဆိုတာ ပြောပြ ဖို့ ကြိုးစား နေခဲ့တာ ပါ..... ။

အဆင့်မြင့် အထီး တစ်ယောက် က အပြင်မှာ တစ်ယောက် ထဲ အမှီအခို ကင်းစွာ လမ်းလျောက် တာက အမှောင်ထု ကြီးထဲမှာ ပေါ်လာတဲ့ မီးတောက် တစ်ခု နဲ့ တူ ပါတယ်။

You've reached the end of published parts.

⏰ Last updated: Dec 09 ⏰

Add this story to your Library to get notified about new parts!

ဇာ့ချ်အုပ်စုထဲမှဆန်ပျော့စားသူအငိုသန်လေး [BL]Where stories live. Discover now