ep 18 (Unicode)

21.7K 901 203
                                    


A/N ယခုpartတွင် 18 Warning
Sceneများ ပါမည်ဖြစ်ကြောင်း
ကြိုသတိပေးပါရစေ။
⚠️ 18 sceneကို Ssရိုက်ခွင့်မပြုပါ⚠️

.............................

"မင်ကို! မင်း ဟန်စတာကို
သေချာခေါ်ထားရဲ့လား"

"ခေါ် ခေါ်ထားပါတယ်။ အဲ့ကောင်လေး
လာမယ်လို့ အတိအကျပြောထားပြီတော့"

မင်ကို သူ့လက်ကောက်ဝတ်က နာရီကို
တစ်ချက်ငုံ့ကြည့်ပြီး နဖူးပြင်ပေါ်က
ချွေးစေးများကို မသိမသာ ခိုးသုတ်နေ‌၏။
တိမ်ယံ အပါအဝင် တခြားရှယ်ယာဝင်တချို့
သူ့ကို စိတ်ပျက်စွာနဲ့ စိုက်ကြည့်နေသည်မို့
မင်ကို အတော်လေး စိတ်အိုက်နေရသည်။
Freedom ကြော်ငြာအတွက် CEO နှင့်
အခြားရှယ်ယာဝင်များ၊
အတန်းချိန်ဖြတ်ခဲ့သော အန်နီ၊
အားလုံး Meeting စထိုင်နေကြသည်မှာ
အချိန်အားဖြင့် နေ့လယ် 1နာရီထိုးတော့မည်။
ယခုအချိန်ထိ အန်နီ့တွဲဖက် မော်ဒယ်
ဟန်စတာ မလာသေး။
Freedom ကြော်ငြာနှင့် ပတ်သက်သမျှကို 
ကိုယ့်ကိုပဲ CEO မျက်နှာလွှဲထားသည်မို့ 
ပြဿနာအားလုံးက ကိုယ့်ခေါင်းပေါ်မှာချည်းသာ။

"ဟိုးး ကျွန်တော် ဖုန်းပြန်ဆက်ကြည့်လိုက်မယ်"

မင်ကို သူ့အနားက မျက်နှာတည်တည်နှင့်
ထိုင်နေသော CEOကို ကြည့်ပြီး ပြောတော့
'မင်းကြိုက်သလိုလုပ်' ဆို၍ သူ့ကို CEO
မေးငေါ့ပြသည်။ စကားနဲ့တောင်
ပြန်မပြောနိုင်တော့တဲ့ CEOက
အတော်လေးဒေါသထွက်နေပုံပင်။

မင်ကို ချွေးဒီးဒီးနှင့် လက်ထဲက ဖုန်းကို
တုန်တုန်ရီရီ ကိုင်ကာ ဟန်စတာဆီကို
ဖုန်းခေါ်လိုက်သည်။

တူးးတူးးတူးး

သူ ဖုန်းခေါ်လိုက်သည်နှင် တစ်ဖက်မှ 
ဖုန်းချက်ချင်းကိုင်၍....

"ဟယ်လို ဟန်စတာ! ဗျာ!!! ဪ....
ဟုတ် ဟုတ်ကဲ့ခဗျာ။ ရပါတယ် ဟုတ် ဒါပဲနော်"

တီး!

မင်ကို သွေးမရှိတော့သည့် မျက်နှာနှင့် 
ဖုန်းချလိုက်ပြီး သူ့ဘေးက CEOကို
လှည့်ကြည့်သည်။ CEOလည်း
သိချင်စိတ်နှင့် သူ့ကို မော့ကြည့်၏။

"ဟန်စတာ ဒီကိုလာနေရင်
ကား accidentဖြစ်လို့
ဆေးရုံတင်လိုက်ရတယ်တဲ့။ ကြော်ငြာရိုက်ဖို့ ဘယ်လိုမှမဖြစ်နိုင်တော့ဘူးလို့
သူ့မန်နေဂျာ ပြောတယ်"

I Hate You Where stories live. Discover now