အခန်း ၅၉ မသိဘူး
ညစာစားပြီးသောအချိန်တွင် ချင်းဖုန့်က ပြတင်းပေါက်နားတွင် စာထိုင်ဖတ်နေပြီး ဖူလင်းက သူမဘေးတွင် ငြိမ်သက်စွာ ထိုင်နေခဲ့သည်။ နေ့ခင်းဘက်အချိန်များက ကယောက်ကယက် ဖြစ်နေပြီး တစ်ခုခု လွဲချော်မှားယွင်းသွားမည်ကို သူမ တစ်ချိန်လုံး စိုးရိမ်နေရသောကြောင့် ဖူလင်းက အသေးစိတ်အချက်များကို မစဉ်းစားခဲ့မိပေ။ ယခုအချိန်တွင် သူမ တိတ်ဆိတ်ငြိမ်သက်နေရသဖြင့် တစ်စုံတစ်ခုကို တွေးတောလာမိကာ မတုန်လှုပ်ဘဲ မနေနိုင်ခဲ့ပေ။ သူမတို့က မိဖုရားမယ်တော်ကြီးကို ရန်သူတိုင်းပြည်ရဲ့မင်းသားနဲ့ ပူးပေါင်းတယ်လို့ ထောင်ချောက်ဆင်ခဲ့ကြတယ်။ အဲ့တာကလည်း ရာဇဝတ်မှုပဲ။ အမှားအယွင်း တစ်စုံတစ်ရာ ရှိခဲ့ရင် ဆွေစဥ်မျိုးဆက်ကိုးဆက်လုံးကို ဘေးဒုက္ခ ဖြစ်စေလိမ့်မယ်။ ဒီအစီအစဥ်အတွက် အဝင်အထွက်အသေးစိတ်ကို လို့သခင်မက သူမရဲ့သခင်မကို အသေးစိတ် ရှင်းပြခဲ့တာမျိုး မရှိဘူး။ ဒါပေမယ့် အချိန်တန်လာတဲ့အခါ သူမရဲ့သခင်မက တတ်နိုင်သလောက် ကြိုးစားပေးခဲ့တယ်။ ညီအစ်မနှစ်ယောက်လုံးကြားက လေးနက်တဲ့ ခံစားချက်က သူမကို စိတ်လှုပ်ရှားစေခဲ့တယ်။
ဖူလင်းက သူမ၏ခေါင်းကို မော့လိုက်ပြီး ချင်းဖုန့်ကို တိတ်တဆိတ် ကြည့်လိုက်ရာ သူမ၏သခင်မက အလွန်တိတ်ဆိတ်နေသည်ကို တွေ့လိုက်ရသည်။ သို့သော်လည်း သူမ၏သခင်မက သူမ၏လက်ထဲတွင် ကိုင်ထားသော စာအုပ်၏စာရွက်များကို တစ်ရွက်မှ မလှန်သည်ကို မြင်နေရပြီး ချင်းဖုန့်က စိတ်မသက်မသာဖြစ်နေကြောင်း ဖူလင်းက နားလည်နေခဲ့သည်။
အချိန်က တဖြည်းဖြည်းကုန်ဆုံးပြီးနောက် မီးများ ထွန်းကြသည့်တိုင် ခန်းမအပြင်ဘက်မှ အသံအနည်းငယ်သာ ထွက်ပေါ်လာပြီး အလွန် ကျယ်လောင်နေခြင်း မရှိပေ။ အပြင်ဘက်မှ ခြေသံအနည်းငယ်ကို ကြားလိုက်ရသော်လည်း မကြာမီ ပြန်တိတ်ဆိတ်သွားသည်။ ဖူလင်းက မျက်မှောင်ကြုတ်လိုက်ပြီး ဘာဖြစ်နေသည်ကို သွားစစ်ဆေးရန် ပြင်ဆင်လိုက်သော်လည်း ချင်းဖုန့်က သူမ၏လက်ကို ညင်သာစွာ ဖမ်းကိုင်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။
YOU ARE READING
တော်ဝင်မောင်းမဆောင်မှ ဝိုးတဝါး သံသယများ
Historical Fiction"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၃)" MM Translation "မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၃)"