(edit- အသိညီမက part (21)ကnotiမတက်ဘူး
ဆိုလို့အရင်အပိုင်းဖျက်ပြီး အသစ်ပြန်တင်တာပါ၊
တင်ပြီးသားအပိုင်းနဲ့အစအဆုံးတူညီတာမို့ ဖတ်ပြီးသား
စာဖတ်သူများအား မျက်စိမှောက်သွားစေလျှင်
ဆုဆုကတောင်းပန်ပါတယ်။)(Unicode)
မဟာသည် အင်တာနက်ဖွင့်ကာGoogleထဲဝင်ပြီး
'Intersex'ဟုရိုက်ရှာကြည့်လိုက်၏။အကြောင်း
အရာများစွာစုံလင်လှစွာဖြင့် ထွက်ချလာသည့်အခါ မဟာသည်ခေါင်းပင်မူးနှောက်သွားရတော့သည်။ဒွိလိင်၏အင်္ဂါများသည် တစ်ပုံစံတည်းမဟုတ်ကြပေ။
မြင်တွေ့ဖို့ရှားသည့်လူမျိုးစုဖြစ်သည့်အပြင် ဒွိလိင်အဖြစ်
မွေးဖွားလာသည့်လူတစ်ယောက်နှင့်တစ်ယောက်သည်
အင်္ဂါပုံသဏ္ဌာန်ချင်းကွဲပြားကြ၏။သူတို့ယောက်ျားတွေလို
အသားအရေနှင့်အရွယ်အစားတင် ကွဲပြားခြားနားသည်
မဟုတ်ကြပေ။''နှောင်းက ဘယ်လိုပုံစံမျိုးလေးပါလိမ့်"
မှေးထောက်ကာ ခေါင်းအားအပေါ်မော့၍
စဥ်းစားတွေးတောဟန်ပြုပြီးမှ မိမိအတွေးတွေသည်
ညစ်ညမ်းနေမှန်းသတိထားမိသွားသည့်အခါ မဟာသည် ချောင်းပင်သီးသွားရသည်။အနီးနားမှရေဘူးဆွဲယူကာ
သောက်ပြီးမှ သက်သာရရသွား၏။''မဟာမြင့်မိုရ် မဟာမြင့်မိုရ် မင်းဘာတွေတွေးနေတာလဲ
ယုတ်ညံ့တဲ့အတွေးတွေအဝေးလွှင့်ပစ်လိုက်စမ်း"ပုံဖော်ကြည့်မိသည့်အတွေးယုတ်များအား
ခေါင်းထဲမှထွက်သွားစေရန်အလို့ငှာ မဟာသည်
သူ့ခေါင်းသူလက်သီးနှင့်ထုမိ၏။သို့သော်လည်း တစ်ဆယ့်ခြောက်နှစ်သား၏
စူးစမ်းချင်စိတ်သည် ခေတ္တခဏလေးနှင့်ပျောက်ကွယ်မသွား။
မတွေးမိရန် မိမိကိုယ်ကိုယ်သတိထားမိသော်လည်း
ခဏအကြာတွင်နှောင်းသည်မည်သို့ပုံစံလေးဖြစ်မလဲဟု
တွေးမိပြန်လေတော့ ခုံမှထရပ်ကာစိတ်သန့်သွားစေရန်
ပြတင်းပေါက်အနီးလေကောင်းလေသန့်ရှူနေမိသည်။ပြတင်းပေါက်ဘောင်မှတဆင့် ခြံရှေ့ကြည့်မိတော့
နွေနှောင်းသည် ချည်ဝမ်းဆက်လေးဝတ်ထားပြီး
မြက်ခင်းစိမ်းထက်စက်ဘီးပတ်စီးနေ၏။စက်ဘီး၏
ဘီးနှင့်ညှပ်မိမည်စိုး၍ ဆံနွယ်ရှည်များအားဆံထိုးနှင့်
ထိုးတင်ထားသည်မှာဆံနွယ်လုံးသည် လက်သီးဆုပ်
နှစ်ဖက်စာလောက်ပင်ရှိ၏။