Part 3

3.7K 8 0
                                    


မနက် ထမင်းစားခန်းတွင် ငယ်လေးမျက်လုံးများ မို့ဖောင်းနေ‌ကြောင်း တွေ့သွားသောအခါ " ငယ်လေး ဘာဖြစ်လို့လဲ ဘာဖြစ်တာလဲ ဦးမြတ်ကိုပြော "
ငယ်လေး ပို၍သာ ငိုချင်လာသည်။

" ငယ်လေး ၊ ဘာဖြစ်တာလဲ ၊ စုနွယ် ခဏလာဦး "
ငယ်လေး တအားကိုနေသောကြောင့် ဦးမြတ် ငယ်လေးရှိရာရောက်လာကာ ငယ်လေးကို သိုင်းဖက်သည်။ " မငိုပါနဲ့၊ငယ်လေးရယ် ၊ဘာဖြစ်တာလဲ၊ဦးမြတ်ကို ပြောပြလေ ၊ဦးမြတ်ရှိတယ်လေနော် "

"စုနွယ် ငယ်လေး ဘာဖြစ်တာလဲ "
"ကျွန်မလည်း မသိဘူး ဦးမြတ် ၊ နိုးတည်းက မျက်ရည်တွေကျနေတာ "

" ငယ်လေးရာ ဘာဖြစ်လို့လဲ ဦးမြတ်ကိုပြောမှပေါ့"
"ဦးမြတ်က ငယ်လေးကို မလိုချင်တော့ဘူးမလား မချစ်တော့ဘူးမလား အီး...အီး...ဟင့်"

"မဟုတ်တာ ငယ်လးရယ် ၊ ဦးမြတ်က ငယ်လေးကို ချစ်တာပေါ့ ၊ ဦးမြတ်မှာ ချစ်စရာ ဒီတူမလေးတစ်ယောက်ရှိတာကို၊ ငယ်လေး ကို မချစ်ဘူးလို့ ဘယ်သူက ပြောတာလဲ"

"ငယ်လေး ဘာသာ သိတာ "
" ဘယ်လို သိတာလဲ ပြောပြပါဦး "

ငယ်လေး ဘယ်လို ပြန်ပြောရမယ်မှန်းမသိတော့ ။ အမှန်အတိုင်း ပြောရမည်လား ၊ မဟုတ်ဘူး မပြောသင့်ဟု ငယ်လေး တွေးမိသည် ။
ထို့ကြောင့်

"ဦးမြတ်က ငယ်လေးကို အပြင်လည်း မခေါ်တော့ဘူး၊ ကြေးအိုးလည်း ဝယ်မကျွေးတော့လို့လေ "

"ဟုတ်ပါပြီ အဆိုးမလေးရေ ၊ ဒီနေ့ အပြင်သွားမယ် ၊မယ်မင်းကြီးမ အကြိုက် အကုန်ဝယ်ကျွးပါ့မယ်ဗျာ "

ထိုနေ့က ငယ်လေး နှင့်ဦးမြတ် လျှောက်သွား လျှောက်စားကြသည် ။ ငယ်လေး ညက မြင်ကွင်းကို သတိမရတော့။ ဦးမြတ်က ငယ်လေးကို ချစ်သေးသည်ပင်။ 

သို့ရာတွင် အိမ်ကို ဦးမြတ်၏ မိန်းကလေး ဧည့်သည်များ ရောက်လာတတ်သည်။ တခါတရံ ညအိပ်လေ့ရှိသည် ။ ထိုနေ့မှစကာ ဦးမြတ်၏အခန်းတံခါးသည် အစဉ်အမြဲပိတ်လျက် ပင် ။ အထူးသဖြင့် ည အခါများတွင် လုံးဝချက်ချပိတ်ထားလျက်။ ငယ်လေးလည်း တက္ကသိုလ် ကျောင်းသူတစ်ယောက်ပင် အနည်းငယ်တော့ နားလည်သည် ။ သို့သော် စိတ်အစဉ်က လက်ခံရခက်နေသလိုပင် ။ ဦးမြတ်နှင့် တခြားအမျိုးသမီးတစ်ယောက် ။ သတိထားကြည့်မိသလောက် ဦးမြတ်၏ ချစ်သူများသည် လပိုင်းတစ်ခါပြောင်းလေ့ရှိသလိုပင် ။ ဦးမြတ်ကတော့ ငယ်လေးအပေါ် အလိုလိုက်ဆဲ လိုက်မြဲပင် ။ ငယ်လေးကို အပြင်လိုက်ပို့သည် ။ ငယ်လေး အကြိုက်များဝယ်ကျွေးသည်။ ဦးမြတ်သည် ငယ်လေးအပေါ် တူမတစ်ယောက်လိုပင် ချစ်ခင်နေမြဲ ။

ဒီနေ့ မနက်က ထူးဆန်းသည် ။ ခါတိုင်းဆို ဦးမြတ်၏ချစ်သူများသည် အိမ်တွင်သာ ညအိပ်မည်။မနက်စာအတူစားလေ့မရှိ ။မနက်စာမစားခင် ပြန်သွားလေ့ရှိသည်။ ယနေ့တွင်တော့ ဦးမြတ်၏ချစ်သူသည် ထမင်းဝိုင်းတွင် အတူရှိနေသည်။ ထိုအစ်မမှာ တော်တော်လှသည် လုံးကြီးပေါက်လှ ပုံစံမျိုး ။ အထူးသဖြင့် body shape က တော်တော်လှသည်။

"ငယ်လေး ဒါ မေမီ တဲ့ ဦးမြတ်သူငယ်ချင်း "ဟု မိတ်ဆက်ပေးသည်။ ထိုအစ်မမှ ငယ်လေးအားပြုံးပြရာ ငယ်လေး မချိသာဘဲ ပြန်ပြုံးပြရသည်။ ငယ်လေး စိတ်ထဲတွင်တော့ မကျေနပ် ၊ တစ်မျိုးကြီးခံစားနေရသည်၊ ငယ်လေး၏ဦးမြတ်ကို လုယူတော့မည်ဟု ခံစားရသည်။ ငယ်လေး ဦးမြတ်အိမ်တွင် နေသည်မှာ တစ်နှစ်ကျော် ပြီဖြစ်သည်။ ထိုမိတ်ဆက်ပေးခြင်းက ဘာဆိုတာ ငယ်လေး အနည်းငယ် ရိပ်မိသလိုပင် ။

ထိုနေ့မှ စကာ ငယ်လေး မပျော်တော့ ငယ်လေး၏ ဦးမြတ်သည် ငယ်လေး အပိုင်မဟုတ်၊ တခြားအမျိုးသမီးတစ်ယောက်က ပိုင်တော့မည် ။ ငယ်လေး တစ်ယောက်တည်းဖြစ်တော့မည်။ ငယ်လေးသည် ကလေးလည်း မဟုတ်တော့ ။ ကိုယ့်အားကိုယ်ကိုးဖို့ ကြိုးစားရတော့မည် ။

ငယ်လေး အဆောင်မှာ ပြောင်းနေသင့်လား။ ဦးမြတ်ကို ဘယ်လိုပြောရပါ့ ။ ငယ်လေးအခု တက်နေသောကျောင်းကိုလည်း အဝေးသင်ပြောင်းပြီး တက်သင့်လား တွေးနေမိသည် ။ စိတ်ထဲ အတွေးများစွာဖြင့် ။

ကိုးကွယ်ရာ Where stories live. Discover now