Part 2

3.9K 9 0
                                    


ငယ်လေး ဦးမြတ်ကို စသိတာ ၂ တန်းနှစ် မွေးနေ့ကျင်းပစဉ်က ဖြစ်သည်။ ဦးမြတ်က ဖေဖေနှင့်ရော မေမေနှင့်ပါ သူငယ်ချင်းဖြစ်သည်။ အထက်တန်းကျောင်းသာမက တက္ကသိုလ်ပါတူကြသည်။ ဖေဖေနှင့်မေမေ ‌တက္ကသိုလ်တန်းလန်းနှင့်ခိုးရာလိုက်ပြေးကြတော့လည်း ဦးမြတ်က ကူညီပေးခဲ့သည်ဟု အမြဲနောက်‌ေြပာလေ့ရှိသည်။
"မီးငယ်လေး ဒီဦးဦးကို သိလား ၊ ဒါ ဦးဦနော် ဦးဦးလို့ ခေါ်ကြည့်ပါဦး "
" ဦးဦး "
"ဗျာ ဗျာ ဗျ"

ဦးမြတ်နှင့်ဖေဖေသည် ညီကိုရင်းချာနီးပါးရင်းနှီးကြသည်။ တစ်ယောက်အကူအညီတောင်းလျှင်နောက်တစ်ယောက်က ကူညီဖို့ အသင့်။ ပြီးလျှင် စီးပွားရေးလည်း စပ်တူလုပ်ကြသည်။ မြင်းခြံမန်းလေး ကားလိုင်းကို စတင်ပြေးဆွဲကာ မြင်းခြံမှာ ဖေဖေက ဦးစီး၍ မန်းလေးတွင် ဦးမြတ်က ဦးစီးသည်။ ဦးမြတ်က ရုပ်တည်သည် အနေအေးသည်ထင်ရသော်လည်း ဖေဖေမေမေတို့နှင့်ဆိုရင် ပြောမနာဆိုမနာ အြမဲစနောက်ရယ်မောနေတတ်သည်။ ငယ်လေးကိုလည်း အလိုလိုက်သည်။ မနါးလေးကနေ ငယ်လေးအတွက်ဟုဆိုကာ ကလေးကစားစရာအသစ်အသစ်လေးများ ဝယ်ထည့်ပေးတတ်သည်ဟု ဖေဖေပြေဖူးသည်။

"‌ေဟ့ကောင် ငမြတ်ရ မင်း အမြဲကစားစရာတွေဝယ်ထည့်ပေးနေ ။ ငယ်လေးက ကစားစရာနဲ့ ကစားရတော့မယ့်အရွယ်မဟုတ်တော့ဘူး ကွ "
ထို့သို့ ဖေဖေဆိုလာတော့ ဂါဝန်လှလှ ဘီးကုတ်လှလှလေးတွေ ပါလာတတ်ပြန်သည်။

" ငမြတ်ရေ မင်းမိန်းမယူတော့ သား‌ေမွး အဲ့ကျ ခမည်းခမက်တော်ကြရအောင် ၊ မင်းလို ယောက္ခမမျိုးနဲ့မှ " ငါလည်း စိတ်ချရမှာဟု ဖေဖေက စဟယ်နောက်ဟယ်ပြောတာ ကြားသည်။

" ယောက္ခမမဟုတ်လည်း ငယ်လေးက ငါ့တူမ ပဲလေကွာ ၊ မင်းကလည်း "

ဖေဖေနှင့် ဦးမြတ်တို့၏ သူငယ်ချင်းသံယောဇဉ်ကို မေမေကပင် "တော်သေးတာပေါ့ ၊ လင်းမောင်က ငါနဲ့ရလို့ ငါနဲ့များမရရင် မြတ်သောရေ နင်နဲ့ရမလားမသိဘူး "

" ဟ ဒီကောင့်ကိုယူမယ့်အစား ငါ ခွေးမြီးပဲဖြတ်ယူမယ် ၊ဒီလောက်ညစ်ပတ်တဲ့ကောင် ငါတော့ အလကားပေးတောင်မယူပါဘူး ကျေးဥ ရာ " ဟု စစနောက်နောက် ပြန်ပြောလေ့ရှိသည်။

ပြန်တွေးရင် ငယ်လေး ငိုချင်လာပြန်သည် ။ လွမ်းတယ် ဖေဖေနှင့်မေမေ ။

မန္တလေး ရောက်ကတည်းက ဦးမြတ်က " ငယ်လေး ၊ ဦးဦး ရှိတယ်နော် ၊ဘာမှအားမငယ်နဲ့ ၊လိုတာ ဦးဦးကို ပြော ၊ ဒါ စုနွယ်တဲ့ အိမ်မှာ ခိုင်းဖို့ခေါ်ထားတာ ငယ်လေးအဖော်ရအောင် " 

"ငယ်လေး ၊ လာ အပြင်သွားမယ် ၊ အကျီသွားလဲ"
"ငယ်လေး ၊ ကြေးအိုးစားမယ်မလား ၊ ဦးမြတ်အပြန်ဝယ်ခဲ့မယ်နော် "
"ငယ်လေး၊ ကျောင်းမှာ လိမ်လိမ်မာမာနေနော် ၊ တစ်ခုခုဆို ဦးမြတ်ကိုလာပြောပြနော် ၊ အစစ တိုင်ပင်လို့ရတယ် "

သို့နှင့် အမိမဲ့အဖမဲ့ ငယ်လေးအတွက် ဦးငယ်သည်သာ အားကိုရာ ကိုးကွယ်ရာ ဖြစ်ခဲ့သည်ပင် ။

ဦးမြတ်သည် ငယ်လေးအတွက်အစစအရာရာတွေးပေးသည်။ နှစ်ထပ်တိုက်လေးတွင် ငယ်လေးနှင့်မစုနွယ်က အပေါ်ထပ် တွင်တစ်ယောက်တစ်ခန်း၊ ဦးမြတ်က အောက်ထပ်တွင်ဖြစ်သည်။ အရေးအကြောင်းတစုံတရာမရှိဘဲ ဉီးမြတ်သည် အပေါ်ထပ်တက်လေ့မရှိ။

သို့နှင့် တစ်ရက် တွင် ငယ်လေး အပေါ်ရေအိမ်က ပျက်နေသောကြောင့် ငယ်လေး အောက်ဘက် ရေအိမ်သို့ အသွား တွင် ဦးမြတ်အခန်းက သေချာပိတ်မထားသဖြင့် အခန်းထဲမှ ညည်းသံလိုလို ကြားနေရသည်။ ငယ်လေး ကြည့်သင့်မကြည့်သင့် တွေဝေနေရင်းမှ မျက်စိကစားကြည့်လိုက်ရာ ဦးမြတ်နှင့် အမျိုးသမီးတစ်ဦး အိပ်ယပေါ်တွင်လုံးထွေးလျက် ။ ငယ်လေး ဒူးတွေတုန်လာသည်။ ရှက်တာရော ‌ေြကာက်တာရော စုပေါင်းကာ ရေအိမ်သွားဖ့်ုမေ့နေကာ အပေါ်ထပ် သို့ခပ်မြန်မြန်ပြန်တက်လာခဲ့သည် ။
ငယ်လေးစိတ်ထဲ တစ်မျိုးကြီးခံစားလာရသည်။ ဦးမြတ်ကိုမုန်းသည်။ ဦးမြတ်ကလည်း ငယ်လေးကို မချစ်တော့ ။ တခြားမိန်းမတွေကိုသာ ချစ်တော့မည်ထင်သည်။ ငယ်လေး တစ်ယောက်တည်း ထပ်ဖြစ်ဦးမည်လား ။ ငယ်လေး ထိုညက ငိုမိသည်။

ကိုးကွယ်ရာ Where stories live. Discover now