"ဘယ်သူလဲ?!" အထဲမှ လူက တော်တော်သတိရှိပုံပေါ်ပြီး ထိုအသံတိုးတိုးလေးကိုပင် သတိပြုမိသွားသည်။ ချင်းဖုန့်က ထိုနေရာတွင် တောင့်တင်းစွာ ရပ်နေမိပြီး လုံးဝ မလှုပ်ဝံ့ပေ။ အတွင်းမှလူကည်း အပြင်ဘက်မှ အခြေအနေကို နားထောင်နေပုံရသည်။ ထိုခဏတာမျှအချိန်တွင် ပတ်ဝန်းကျင်က တိတ်ဆိတ်လွန်းသဖြင့် သစ်ပင်များကို ဖြတ်သန်းတိုက်ခတ်လာသော လေတိုက်သံများကိုသာ ကြားနေရသည်။

ထိုလူက ကိုယ်ခံပညာ ကျွမ်းကျင်ကြောင်း သိသာထင်ရှားနေပြီး အနီးအနားတွင် ဘယ်သူမှ မရှိကြောင်း ချင်းဖုန့်က တွေးလိုက်မိသည်။

သူတို့ကို ချောင်ပိတ်ဖမ်းလိုက်ရင်...

ချင်းဖုန့်က သူမကိုယ်သူမ ပြန်တည်ငြိမ်အောင် ထိန်းလိုက်ပြီး ခပ်ကျယ်ကျယ်အော်လိုက်သည်။ "ပန်ကုန်းရှေ့မှာ ဘယ်သူက လာအော်နေတာလဲ? ဒီရှေ့ကို ထွက်ခဲ့စမ်း"

အေးစက်စက် အော်ငေါက်သံက ည၏ တိတ်ဆိတ်မှုကို သိသိသာသာ ချိုးဖျက်လိုက်ပြီး အတွင်းမှလူများက ထိတ်လန့်သွားကြသည်။ သစ်ပင်များရှိ အကိုင်းအခက်များက ပို၍ပင် ပြင်းထန်စွာ တုန်ခါသွားပြီး အဝတ်အစားများ ပွတ်တိုက်သံများနှင့် အမျိုးသမီးတစ်ဦး၏ ရှိုက်သံများက ရောထွေးလာသည်။

"မင်း ထွက်မလာရင် ပန်ကုန်းက မင်းကို ဖမ်းဖို့ လူတွေကို စေလွှတ်ရမှာလား?" အတွင်းရှိလူများ ထိတ်လန့်တုန်လှုပ်နေသည်ကို ရိပ်မိသောကြောင့် ချင်းဖုန့်က ဆက်လက်ဟန်ဆောင်လိုက်ပြီး ယောင်ဝါးဝါး ပြောလိုက်သည်။ "တစ်ယောက်ယောက် လာစမ်း!"

ချင်းဖုန့်၏ စကားဆုံးသွားချိန်တွင် ချုံပုတ်ထဲမှ အရိပ်တစ်ခု ထွက်လာပြီး ထိုလူက အနီရင့်ရောင် သက်တော်စောင့်ဝတ်စုံကို ၀တ်ဆင်ထားသည်။ သူ့ဦးထုပ်၏ အနားသားက ခပ်နိမ့်နိမ့်စိုက်ကျနေသောကြောင့် သူ့၏အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ သူက အချိန်တိုအတွင်း တစ်ကျန်း(ဆယ်ပေ)အကွာအထိ ခုန်သွားကာ လျှင်မြန်စွာ ပြေးသွားသောကြောင့် ညအဖုံးအောက်တွင် ချင်းဖုန့်၏ မြင်ကွင်းအတွင်းမှ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။ သူက နောက်သို့ လုံးဝ ပြန်လှည့်မကြည့်ခဲ့ပေ။

တော်ဝင်မောင်းမဆောင်မှ ဝိုးတဝါး သံသယများWhere stories live. Discover now