.........................."ဟုတ်လား!! တကယ်ရန်ဖြစ်ကြပြန်ပြီလား"
"ဟုတ်ပါတယ်ဆို။ ငါ သွားကြည့်မလို့
နင် လိုက်ဦးမလား""လိုက်ရမှာပေါ့"
"ဒါဆို လာ သွားမယ်"
တက္ကသိုလ်ကျောင်းကြီး၏ အနောက်ဘက်
ဘောလုံးကွင်းကြီးထဲတွင် လူငယ်နှစ်ဖွဲ့
ထိုးကြိတ် နေကြသည်။ လက်ရှိရန်ပွဲကြီးက
ထိုလူငယ်နှစ်ဖွဲ့ရဲ့ ဒုထိယအကြိမ်မြောက်
စိန်ခေါ်ပွဲဖြစ်သည်။ ပထမစိန်ခေါ်ပွဲတုန်းက
ဆရာကြီးဦးမြင့်ရွှေကိုယ်တိုင် မြင်တွေ့သွား၍
အချိန်တိုတိုနဲ့ ရန်ပွဲသိမ်းခဲ့ရပြီး
နောက်ထပ်ရန်မဖြစ်တော့ပါဘူးဆိုတဲ့
ခံဝန်ချုပ်ကိုပါ ထိုးခံထိခဲ့ကြသည်။
ဒါပေမဲ့ သူတို့နှစ်ဖွဲ့ရဲ့ရန်ငြိုးတွေက
မကြေအေးခဲ့။ အခုလည်း
ဘောလုံးကန်ရင်းနဲ့မှ မကြေပွဲနွှဲကြခြင်းသာ။ဘောလုံးကွင်းကျယ်ကြီးထဲမှာ
ဝိုင်းအုံရပ်ကြည့်နေကြသော
တက္ကသိုလ်ကျောင်းသားတချို့၏
မျက်နှာပေါ်တွင် အံ့သြထိတ်လန့်မှုများနှင့်
ပြည့်နှက်နေသလို၊ 'ချချ'ဆို၍
အားပေးအားမြှောက်
စကားသံများဟာလည်း ဆူညံနေသည်။တစ်ယောက်ကိုတစ်ယောက် ရိုက်နှက်
ထိုးကြိတ်ထားသည့် ပွန်းပဲ့ဒဏ်ရာ၊
ပြတ်ရှဒဏ်ရာများ၊ သွေးများ
ညစ်ပေနေသော
မြက်ခင်းပြင်ကျယ်ကြီးနှင့်
ဘောလုံးကွင်းထဲက ဗရုတ်ကျနေသော
အရာအားလုံးသည် နာမည်ကြီး
တက္ကသိုလ်ကျောင်းကြီးကို
ရုပ်ဆိုးအကျည်းတန်ဆန်စေသည်။
ရန်ပွဲကြားထဲ ဝင်တားမည့်သူမရှိ။
ဝင်ဆွဲမည့်သူမရှိ။ ရန်ဖြစ်နေကြသော
လူငယ်နှစ်ဖွဲ့သည် ငွေကြေးအရမ်ချမ်းသာပြီး
မိုက်ကန်းကန်းနိုင်ကြသည်မို့
တက္ကသိုလ်ပါမောက္ခချုပ်ကြီး မလာမချင်း
ဒီအတိုင်း ရပ်ကြည့်နေကြယုံမှတစ်ပါး
မတက်နိုင်ကြ။ခေတ်ဟောင်းတို့
သူငယ်ချင်းလေးယောက်နှင့်
ကျော်စော ဆိုသူ ဦးဆောင်းသည့်
ခပ်မိုက်မိုက် လူငယ်ဆယ်ယောက်
အငြိုးအတေးအပြည့်နှင့်
တစ်ယောက်ကိုတစ်ယောက်
ထိုးကြိတ်လျက်ရှိသည်။
YOU ARE READING
I Hate You
FantasyWarning: 18 ABO worldကို အခြေခံရေးသားထားပါသည်။ စိတ်ကူးယဉ် ficလေးမို့ အပြင်လောကနှင့် များစွာ ကွာခြားနိုင်ပါသည်။