Part (14)

3.9K 194 15
                                    

(Unicode)

နှစ်ညအိပ်ခရီးထွက်သွားသော မဟာမြင့်မိုရ်သည် သုံးညဖြတ်ကျော်ပြီးသည်အထိ ပြန်ရောက်လာခြင်း
မရှိသေးပေ။ထို့ကြောင့် နွေနှောင်းသည်တစ်ယောက်တည်း
အဖော်မဲ့လျက်ရှိလေ၏။

မြင့်မိုရ်စံအိမ်မှမြေးမောင်နှမတွေသည် နေရာအနှံ့
ဟိုဟိုသည်သည်လျှောက်သွားကာပိတ်ရက်အား
အကျိုးရှိရှိအသုံးချနေကြလေသည်။နွေနှောင်းအား
မမေ့မလျော့ခေါ်ကြသော်လည်း မဟာမပါသောခရီးအား
နွေနှောင်းမလိုက်ချင်၊ထို့ကြောင့် နွေနှောင်းတစ်ယောက်တည်း
အထီးကျန်နေသည်မှာစံအိမ်အတွင်းတိတ်ဆိတ်နေ၏။

စံအိမ်ရှိမိမိလုပ်နိုင်သောအလုပ်တစ်ချို့အား
လုပ်ပေးပြီးနောက် နေမွန်းတည့်နေလေပြီဖြစ်သည်။
နွေနှောင်းသည် သင်္ချာစာအုပ်များအားသယ်ကာ
အရိပ်ရသောခြံရှေ့ရှိဒန်းဖြူလေးထံသို့ စာကျက်ရန်
ရည်ရွယ်ချက်ဖြင့်ထွက်လာခဲ့သည်။

ခြောက်ဘာသာတွင် မြန်မာစာတစ်ဘာသာတည်း
သည်သာ နွေနှောင်းပိုင်နိုင်သောဘာသာရပ်ဖြစ်ပြီး
ဘိုင်အိုနှင့်အင်္ဂလိပ်သည်မဆိုးသော်လည်း
ကျန်သုံးဘာသာသည်တော့သဘောတရားနားလည်ယုံ
လောက်သာရှိ၏။နွေနှောင်းနှင့်ဆန့်ကျင်စွာ မဟာသည်
မြန်မာစာကလွဲ ကျန်ဘာသာများအားကျွမ်းကျွမ်းကျင်ကျင်
ပိုင်နိုင်လေသည်။

သင်္ချာတစ်အားတွက်ချက်နေစဥ် ခြံဝင်းတံခါးထံမှ
ဟွန်းတီးသံအားကြားလိုက်ရ၏။ခြံစောင့်ဦးထွန်းသည်
အနားမရှိ၍ နွေနှောင်းသည်သူကိုယ်တိုင်ဖွင့်ပေးရန်
ခြံဝင်းတံခါးထံသို့ခြေလှမ်းလှမ်းခဲ့၏။ခြံဝင်းတံခါးအား ဟိုဘက်သည်ဘက်ဆွဲဖွင့်ပေးလိုက်သည့်အခါ
ကားအဖြူလေးသည် ခြံအတွင်းသို့မောင်းဝင်လာခဲ့သည်။

ကားအကြောင်းနားမလည်သည့်အပြင်
စပ်စပ်စုစုမရှိသောနွေနှောင်းသည် ခြံဝင်းအတွင်းဝင်လာ
သောကားအား မြင့်မိုရ်မိသားစုဝင်တစ်ယောက်ယောက်
ပြန်လာသည်ဟုထင်လိုက်၏။ကားမှန်တံခါးများသည်
အမည်းဖြစ်၍ အတွင်းသို့မမြင်ရပေ။ထို့ကြောင့်
ထိုကားအားအမှုမထားတော့ဘဲ စာလုပ်နေသည့်
ဒန်းဖြူလေးပေါ်မှာသာပြန်ထိုင်ပြီး စာလုပ်နေလိုက်၏။

Mahar's ButterflyWhere stories live. Discover now