187. ပဉ္စမမြောက်မင်းသမီး၏ မနာလိုမှု

19 3 0
                                    

ချန်မြို့စားအိမ်တော်၏ မငြိမ်မသက်ဖြစ်မှုတွေနဲ့ ယှဉ်ရင် နန်းတော်က ပိုငြိမ်သက်နေခဲ့သည် ။ အုပ်ချုပ်ရေးမှူး၏အိမ်နှင့် ချန်မြို့စား ၏အိမ်တော်တွင်ဖြစ်ပျက်ခဲ့သောအရာသည် အစောင့်အကြပ်အကြပ် တင်းကြပ်သောနန်းတော်ကို အနည်းငယ်မျှ မထိခိုက်စေခဲ့ပါ။

နံနက်ခင်းတွင် ချန်ပင်နန်းတော်ရှိ ပဉ္စမမြောက် မင်းသမီးသည် အနည်းငယ် မူးဝေနေသော ခေါင်းကို ဆုပ်ကိုင်လိုက်ပြီး နန်းတော် အိမ်ဖော်များ၏ အကူအညီဖြင့် အိပ်ရာထလိုက်သည်။  သူမသည် ပျင်းရိစွာ ဆန့်တန်းကာ ရေချိုးပြီးနောက် အိမ်အကူ ဟွမ်ယွီက သူမ ဆံပင်ကို ခြောက်အောင်သုတ်ရန် ကူညီပေးခဲ့သည်။

အပြင်မှာ ရာသီဥတု အရမ်းကောင်းတယ်။ နန်းတော်ရှိ ဥယျာဉ်တော်၏ အရှေ့တောင်ဘက်ထောင့်တွင် ချည်သားအပြည့်ဖြင့် ပျော့ပျောင်းသော အိပ်ရာခင်းများကို ခင်းကျင်းထားသည်။ အဲဒီမှာ နေရောင်က ကောင်းတယ်။လေဝင်နိုင်ရန်အတွက် မြောက်ဘက်နှင့် အနောက်ဘက်ခြမ်းတွင် မြင့်မားသော စကျင်ကျောက်ပြားနှစ်ချပ် ထားရှိထားသည်။ နေ့လယ်အချိန်က နီးနေပြီဖြစ်၍ ​နေ​ရောင်​က ​အ​ပေါ်​က​နေ ​နွေး​ထွေး​စွာ ကျရောက်နေသည် ။  ပဉ္စမမြောက်မင်းသမီးသည် ဆိုဖာကိုမှီ၍ ဟွမ်ယွီနှင့်အတူ စကားစမြည်ပြောလေ၏။

သူမတို့သည် မနေ့ညက ဖြစ်ပျက်ခဲ့တဲ့ အကြောင်းတွေ ပြောနေကြတယ်။  ပဉ္စမမြောက် မင်းသမီးသည် နန်းတော်အပြင်ဘက်တွင် ဖြစ်ပျက်ခဲ့သည်ကို မသိသေးသော်လည်း မနေ့ညက အဖြစ်အပျက်မှာ မည်မျှ ထူးဆန်းသည်ကို သိသည်။ ပဉ္စမမြောက်မင်းသမီးက အဖြစ်အပျက်ကို သေချာမသိခဲ့ပါဘူး။  ဒါပေမယ့် မနက်ခင်းမှာ သူမ စာတစ်စောင်လက်ခံရရှိပြီးနောက် မနေ့ညက ထူးထူးခြားခြား တစ်ခုခုဖြစ်သွားတာကို သူမသေချာလာခဲ့တယ်။

ထို့အပြင် ဤသေချာမှုသည် သူမအား အလွန်ဒေါသထွက်စေခဲ့သည်။  သူမ နိုးထလာတဲ့အချိန်က ကောင်းနေတဲ့ စိတ်က လုံးဝ ပျောက်ကွယ်သွားသည် ။

ဟွမ်ယွီက သူမကို နှစ်သိမ့်ဖို့ ကြိုးစားရင်း ပြောလိုက်သည် ။ " မင်းသမီး ၊ အဲဒီ အဖြစ်အပျက်က အတုအယောင် ဖြစ်နိုင်တယ် ။ မနေ့က တတိယသခင်မလေးမိုကိုတွေ့ခဲ့တယ်၊ သူက ငယ်ငယ်လေးပဲ ရှိသေးတာ။  အိမ်ရှေ့မင်းသားက သူမကို ဘယ်လိုစိတ်ဝင်စားနိုင်မလဲ။    ပထမသခင်မလေးလင်းက အများအားဖြင့် အလွန်ရိုးစင်းပြီး မလိမ်ညာတတ်ပါဘူး ။"

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now